PSM(NEWS)

မတ် ၁၊ ၂၀၂၆

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများနှင့် ယပတ်သက်၍အရေးပေါ်အစည်းအဝေးတစ်ခုကိုအချိန်ဇယားဆွသတ်မှတ်ထားသည်။

အစ္စရေး၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ပြောကြားချက်အရ၊ အဆိုပါ အစည်းအဝေးကို ဘာရိန်းနှင့် ပြင်သစ်တို့၏ တောင်းဆိုချက်အရ အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီ (GMT အချိန် ၀၁:၀၀ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။

အစ္စရေး၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဒန်နီဒန်နွန်ကအစ္စရေးသည် “၎င်း၏နိုင်ငံသားများကို ရှင်သန်မှုကိုခြိမ်းခြောက်သည့်မည်သည့်အန္တရာယ်မှမဆိုကာကွယ်ရန် အစ္စရေးသည် ကြံ့ကြံ့ခံနိုင်ပြီး စည်းစည်းလုံးလုံးဖြင့်မိမိနိုင်ငံသားများကိုကာကွယ်ရန်ပြတ်သားသောဆုံးဖြတ်ချက် ရှိသည် ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် “အီရန်နိုင်ငံအနေနဲ့နျူကလီးယားလက်နက် ပိုင်ဆိုင်လာအောင် အစ္စရေးဘက်က ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး”ဟုဒန်နွန်ကထပ်လောင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်ကအီရန်အပေါ် တိုက်ခိုက်မှုများနှင့်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ လက်တုံ့ပြန်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။

“အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် အင်အားသုံးခြင်းနှင့် ဒေသတွင်း၌အီရန်၏လက်တုံ့ပြန်မှုများသည်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိခိုက်စေသည်”ဟုဂူတာရက်စ်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်၎င်းကအပစ်အခတ်ရပ်စဲရန်နှင့်ပါဝင်ပတ်သက်သူအားလုံးကို ညှိနှိုင်းမှုစားပွဲသို့ ပြန်လာရန် တောင်းဆိုခဲ့သည်။

ကိုးကား AP

#PSM_News

#တိုက်ခိုက်မှု

#အီရန်

#ငြိမ်းချမ်းရေးနှင့်လုံခြုံရေး

#လုံခြုံရေးကောင်စီ

#ကုလသမဂ္ဂ

By Htet Ko