Category: international news

တရုတ်၏ ဖိအားပေးမှုကြောင့် အာဖရိကခရီးစဉ်ကို ထိုင်ဝမ်သမ္မတ ဖျက်သိမ်း

PSM(NEWS) ဧပြီလ ၂၂ ၊၂၀၂၆ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် သည် ယခုအပတ်အတွင်း သွားရောက်ရန်ရှိသည့် အစ်ဆွာတီးနီ နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏လေယာဉ် ဖြတ်သန်းပျံသန်းခွင့်ပြုထားမှုကို ပြန်လည်ရုပ်သိမ်းရန် အာဖရိက သုံးနိုင်ငံအား တရုတ်အစိုးရက ဖိအားပေးခဲ့သည်ဟု ထိုင်ဝမ်အစိုးရက စွပ်စွဲထားသည်။ တောင်အာဖရိကရှိ နိုင်ငံငယ်တစ်ခုဖြစ်သော အစ်ဆွာတီးနီသည် တရုတ်က ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည့် ထိုင်ဝမ်နှင့်…

အီသီယိုးပီးယား လေကြောင်းလိုင်းမှ ဘိုးအင်း၇၈၇-၉ လေယာဉ်သစ် ခြောက်စီး ထပ်မံဝယ်ယူမည်

PSM(NEWS) ဧပြီ၂၂၊၂၀၂၆ အာဖရိက၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သော အီသီယိုးပီးယား လေကြောင်းလိုင်း (Ethiopian Airlines) သည် ၎င်းတို့၏ အာဖရိက၊ အမေရိကန်၊ ဥရောပနှင့် အာရှ ခရီးစဉ်များကို တိုးချဲ့ရန်အတွက် Boeing 787-9 Dreamlinerအမျိုးအစား လေယာဉ်သစ် ခြောက်စီးကို ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဝါရှင်တန်မြို့အနီးရှိ Boeing ဌာနချုပ်တွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲ…

ရုရှားနှင့် တရုတ်တို့၏ နျူကလီးယားဆိုင်ရာ ရပ်တည်ချက်များကို NATO ဝေဖန်၊ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

PSM(NEWS) ဧပြီ ၂၂ ၊၂၀၂၆ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နျူကလီးယား လက်နက်ဆိုင်ရာ မူဝါဒများကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က အင်္ဂါနေ့တွင် ဝေဖန်လိုက်ပြီး၊ လာမည့် နိုင်ငံတကာညီလာခံတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိရန်နှင့် တည်ငြိမ်မှုဖော်ဆောင်ရန် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ အဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်သော NATO အဖွဲ့သည် ၁၉၇၀ ပြည့်နှစ်တွင် စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ…

အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းမတိုးလိုကြောင်း ဒေါ်နယ်ထရန့် ပြောကြား

PSM/(NEWS) ဧပြီ ၂၂ ၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အီရန်နိုင်ငံနှင့် ရယူထားသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့တွင် CNBC နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ရှိတွင် အားသာချက်ရှိသော ဆွေးနွေးမှုအခြေအနေတွင် ရှိနေပြီး နောက်ဆုံး၌ ကောင်းမွန်သည့် သဘောတူညီချက်တစ်ခု ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ “ကျွန်တော်…

ဒေသတွင်းစစ်ပွဲများကြား တိုက်ခိုက်မှုခြိမ်းခြောက်မှုများရှိနေသော်လည်း အီရတ်သင်္ဘောကပ္ပတိန်တစ်ဦး ဆက်လက်ခုတ်မောင်းနေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကြားရှိ တင်းမာမှုများမြင့်တက်နေသော ရေပြင်ထက်တွင် အီရတ်သင်္ဘောကပ္ပတိန် ရာမန် အယ်လ်-ဂျူဘူရီ သည် ကမ္ဘာ့အန္တရာယ်အရှိဆုံး ရေကြောင်းစင်္ကြံတစ်ခု၌ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေပြီး သင်္ဘောသားအချို့မှာလည်း ပိတ်မိနေကာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ ၁၉၈၄ ခုနှစ်ကတည်းက ပင်လယ်ပြင်၌ အလုပ်လုပ်ကိုင်ခဲ့သည့် ဝါရင့်သင်္ဘောသား…

ဟော်မုဇ်ရေလက်ကြားမှထွက်ခွာလာသည့် ရေနံတင်သင်္ဘော တောင်ကိုရီးယားရှိ HD Hyundai Oilbank သို့ ဦးတည်ခုတ်မောင်းနေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းလာသည့် ရေနံတင်သင်္ဘောတစ်စီးသည် တောင်ကိုရီးယား ရေနံချက်လုပ်ငန်းတစ်ခုဖြစ်သည့် HD Hyundai Oilbank တွင် ကုန်ချရန် ဦးတည်ခုတ်မောင်းနေကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ မော်လ်တာနိုင်ငံအလံလွှင့်ထူထားသောOdessaအမည်ရှိ သင်္ဘောသည် ဧပြီလ ၁၃ ရက်နေ့တွင် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း Kpler အချက်အလက်များတွင် ဖော်ပြထားသော်လည်း အဆိုပါသင်္ဘောသည် မည်သည့်နေရာမှ…

လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်လက်ဝါးကပ်တိုင်အား အစ္စရေးစစ်သားတစ်ဦး ဖျက်ဆီးမှုကို နေတန်ယာဟုနှင့် အစ္စရေးအစိုးရ ရှုတ်ချ

PSM(NEWS) ဧပြီ ၂၁၊ ၂၀၂၆ လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာတစ်ရွာတွင် အစ္စရေးစစ်သားတစ်ဦးက ခရစ်ယာန်လက်ဝါးကပ်တိုင်အား ပုဆိန်ဖြင့် ထုရိုက်ဖျက်ဆီးခဲ့မှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်တပ်တို့က တနင်္လာနေ့တွင် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ အစ္စရေးစစ်သားတစ်ဦးသည် မြေပြင်ပေါ်သို့ လဲကျနေသည့် ယေရှုခရစ်တော်၏ ရုပ်တုပါဝင်သော လက်ဝါးကပ်တိုင်ကို…

ယူကရိန်းအတွက် ‘ပြယုဂ်သဘောဆောင်သော’ အီးယူအဖွဲ့ဝင်ဖြစ်မှု အကျိုးခံစားခွင့်များပေးရန် ပြင်သစ်နှင့် ဂျာမနီ စီစဉ်နေ

PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းအား ဥရောပသမဂ္ဂ (EU) သို့ အဖွဲ့ဝင်အဖြစ် အပြည့်အဝမဝင်ရောက်မီ ကြားကာလ၌“ပြယုဂ်သဘောဆောင်သော’”အကျိုးခံစားခွင့်များပေးရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် အဆိုပါအစီအစဉ်တွင် အီးယူ၏ စိုက်ပျိုးရေးထောက်ပံ့ကြေးများနှင့် မဲပေးပိုင်ခွင့်များ ပါဝင်ခြင်းမရှိပေ။ ၎င်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးနောက် အဖွဲ့ဝင်အဖြစ် အမြန်လမ်းမှ တက်လှမ်းလိုသည့် ယူကရိန်း၏ မျှော်လင့်ချက်ကို လျော့ပါးစေခဲ့သည်။ သမ္မတ…

ဂျပန်ပင်လယ်ပြင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ဆူနာမီသတိပေးချက်ထုတ်ပြန်

PSM(NEWS) ဧပြီ ၂၀၊ ၂၀၂၆ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ (တနင်္လာနေ့) မွန်းလွဲပိုင်းက အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီဒီရေလှိုင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပမာဏ ၇.၅ရစ်ခ်ျတာစကေး ရှိပြီး…

ဒေါ်နယ်ထရမ့်က အီရန်အား အမေရိကန်နှင့်သဘောတူညီချက်လက်မှတ်ရေးထိုးရန်၊ သို့မဟုတ်ပါက ‘တစ်နိုင်ငံလုံး ပျက်စီးသွားမည်’ ဟု ခြိမ်းခြောက်

PSM(NEWS) ဧပြီ ၂၀၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန် အာဏာပိုင်များအနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် မရယူနိုင်ပါက “တစ်နိုင်ငံလုံး ဗုံးကြဲဖျက်ဆီးခံရလိမ့်မည်” ဟု နောက်ဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ယခုသီတင်းပတ်ကုန်တွင် အီရန်တပ်ဖွဲ့များက ဟော်မုဇ် ရေလက်ကြား မှ သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်၊ သမ္မတ ထရမ့်က အီရန်၏…

You missed