PSM(NEWS) ဧပြီ ၂၀၊ ၂၀၂၆ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် ယနေ့ (တနင်္လာနေ့) မွန်းလွဲပိုင်းက အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီဒီရေလှိုင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပမာဏ ၇.၅ရစ်ခ်ျတာစကေး ရှိပြီး မိုင်ပေါင်းရာနှင့်ချီဝေးကွာသော မြို့တော် တိုကျိုအထိ သိသိသာသာ တုန်ခါမှု ခံစားခဲ့ရသည်။ အာဏာပိုင်များက အိဝတေး ၊ အအိုမိုရီနှင့် ဟော့ကိုင်းဒိုးမြောက်ပိုင်းကျွန်းတို့တွင် အမြင့် ၁၀ ပေ (၃ မီတာ) ခန့်ရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု သတင်းများ မရရှိသေးပေ။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီက သူမ၏ X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည့် ဒေသများရှိ ပြည်သူများအနေဖြင့် မြင့်မားသော ကုန်းမြေများ သို့မဟုတ် ဘေးလွတ်ရာ အဆောက်အအုံများသို့ ချက်ချင်း ရွှေ့ပြောင်းကြပါ” ဟု တိုက်တွန်းထားသည်။ ထို့အပြင် အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနကို တည်ထောင်လိုက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို စောင့်ကြည့်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပြည်သူများထံ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကိုးကား The New York Times Post navigation ဒေါ်နယ်ထရမ့်က အီရန်အား အမေရိကန်နှင့်သဘောတူညီချက်လက်မှတ်ရေးထိုးရန်၊ သို့မဟုတ်ပါက ‘တစ်နိုင်ငံလုံး ပျက်စီးသွားမည်’ ဟု ခြိမ်းခြောက် ယူကရိန်းအတွက် ‘ပြယုဂ်သဘောဆောင်သော’ အီးယူအဖွဲ့ဝင်ဖြစ်မှု အကျိုးခံစားခွင့်များပေးရန် ပြင်သစ်နှင့် ဂျာမနီ စီစဉ်နေ