PSM(NEWS) ဧပြီ ၂၁၊၂၀၂၆ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းအား ဥရောပသမဂ္ဂ (EU) သို့ အဖွဲ့ဝင်အဖြစ် အပြည့်အဝမဝင်ရောက်မီ ကြားကာလ၌“ပြယုဂ်သဘောဆောင်သော’”အကျိုးခံစားခွင့်များပေးရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် အဆိုပါအစီအစဉ်တွင် အီးယူ၏ စိုက်ပျိုးရေးထောက်ပံ့ကြေးများနှင့် မဲပေးပိုင်ခွင့်များ ပါဝင်ခြင်းမရှိပေ။ ၎င်းသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးနောက် အဖွဲ့ဝင်အဖြစ် အမြန်လမ်းမှ တက်လှမ်းလိုသည့် ယူကရိန်း၏ မျှော်လင့်ချက်ကို လျော့ပါးစေခဲ့သည်။ သမ္မတ ဗိုလိုဒီမိုင်ယာ ဇလန်းစကီး သည် ၂၀၂၇ ခုနှစ်တွင် အီးယူအဖွဲ့ဝင်ဖြစ်ရေးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဓိကရလဒ်တစ်ခုအဖြစ် ဖော်ဆောင်လိုသော်လည်း အီးယူ၏ အင်အားကြီးနိုင်ငံများသည် အဖွဲ့ဝင်ဖြစ်မှုလုပ်ငန်းစဉ်ကို ဖြတ်လမ်းမှဆောင်ရွက်ပေးရန် ကော်မရှင်၏ အဆိုပြုချက်များကို ငြင်းဆန်ခဲ့ကြသည်။ ဂျာမနီက ယူကရိန်းအား “တွဲဖက်အဖွဲ့ဝင်” (Associate Membership) အဆင့်အတန်းပေးရန် တွန်းအားပေးနေပြီး ယင်းအဆင့်တွင် ဝန်ကြီးအဆင့်အစည်းအဝေးများ၌ တက်ရောက်နိုင်သော်လည်း မဲပေးပိုင်ခွင့်နှင့် အီးယူဘတ်ဂျက်ကို အလိုအလျောက် သုံးစွဲပိုင်ခွင့် ရှိမည်မဟုတ်ပေ။ ပြင်သစ်ကမူ “ပေါင်းစပ်နိုင်ငံအဆင့်” (Integrated State Status) ဟု အမည်တပ်ထားပြီး စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အဖွဲ့ဝင်အဖြစ် အပြည့်အဝရရှိပြီးမှသာ ခွင့်ပြုသင့်ကြောင်း ဆိုထားသည်။ ဂျာမနီ၏ အဆိုပြုချက်အရ အီးယူ၏ အပြန်အလှန်ကာကွယ်ရေးစာပိုဒ် (Mutual Defence Clause) ကို နိုင်ငံရေးအရ ကြေညာချက်ထုတ်ပြန်ရုံဖြင့် ယူကရိန်းအတွက် လက်တွေ့ကျကျ အသက်ဝင်စေနိုင်မည်ဖြစ်သည်။ သို့သော်လည်း ဤအစီအစဉ်သည် အဖွဲ့ဝင်ဖြစ်မှုဆီသို့ အရှိန်မြှင့်တင်ပေးမည့် ဖြတ်လမ်းတစ်ခုသာဖြစ်ပြီး အဖွဲ့ဝင်အဖြစ် အပြည့်အဝရရှိရေးကို အစားထိုးရန်မဟုတ်ကြောင်း ပဲရစ်နှင့် ဘာလင်တို့က အလေးပေးပြောကြားခဲ့သည်။ ကိုးကား Financial Times Post navigation ဂျပန်ပင်လယ်ပြင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ဆူနာမီသတိပေးချက်ထုတ်ပြန် လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်လက်ဝါးကပ်တိုင်အား အစ္စရေးစစ်သားတစ်ဦး ဖျက်ဆီးမှုကို နေတန်ယာဟုနှင့် အစ္စရေးအစိုးရ ရှုတ်ချ