international news သစ္စာဖောက်များဟု စွပ်စွဲခံရသည့် အီရန်အမျိုးသမီးဘောလုံးသမားများ သြစတြေးလျရှိ လုံခြုံရေးစခန်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ March 13, 2026 Htet Ko PSM(NEWS) မတ် ၁၂ ၊ ၂၀၂၆ သြစတြေးလျနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံထားသည့် အီရန်အမျိုးသမီးဘောလုံးအဖွဲ့မှ ကစားသမားတစ်ဦးသည် ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲကာ အဖွဲ့၏နေရာကို အီရန်သံရုံးထံ ပေါက်ကြားစေခဲ့သည့်အတွက် ကျန်ရှိနေသည့် အသင်းဝင်များကို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ဗုဒ္ဓဟူးနေ့တွင်လုံခြုံသည့် စခန်းမှ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သြစတြေးလျအစိုးရက ပြောကြားလိုက်သည်။ အီရန် အမျိုးသမီးဘောလုံးအဖွဲ့ဝင် ခုနစ်ဦးသည် နိုင်ငံတော်သီချင်း သီဆိုရန် ငြင်းဆန်ခဲ့ခြင်းကြောင့်…
international news အီရန်အသင်း အမေရိကန်သို့ လာရောက်ယှဉ်ပြိုင်နိုင်ရန် အာမခံချက်ရရှိထား March 12, 2026 Htet Ko PSM(NEWS) မတ် ၁၂၊ ၂၀၂၆ နှစ်နိုင်ငံကြား စစ်မီးတောက်လောင်နေသော်လည်း လာမည့်သုံးလခန့်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အီရန်လက်ရွေးစင်အသင်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့်ရရှိမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အင်္ဂါနေ့ညတွင် ပြောကြားလိုက်သည်။ အီရန်အသင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် နယူးဇီလန်အသင်းနှင့် ကာလီဖိုးနီးယားပြည်နယ်၊ အင်ဂယ်ဝုဒ် မြို့၌လည်းကောင်း၊ ဇွန်လ၂၁ရက်နေ့တွင် ဘယ်လ်ဂျီယံအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရန် အစီအစဉ်ရှိပြီး…
international news ခြောက်နှစ်ကြာတင်းမာမှုများအပြီး အိန္ဒိယက တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အချို့ ဖြေလျှော့ March 12, 2026 Htet Ko PSM (News) မတ် ၁၂ ၊ ၂၀၂၆ အိန္ဒိယအစိုးရသည် အင်္ဂါနေ့တွင် ကဏ္ဍအချို့အတွက် တရုတ် မှ ရင်းနှီးမြှုပ်နှံမှုများအပေါ် သတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် အတည်ပြုခဲ့သည်။ ယင်းသည် ဝန်ကြီးချုပ် နရိန္ဒာ မိုဒီ အတွက် တရုတ်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်နှင့် ခြောက်နှစ်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့သော နှစ်နိုင်ငံကြား တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်သည့်…
international news ဟော်မုဇ်ရေလက်ကြားအနီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရ၊ သင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်နေ March 11, 2026 Htet Ko PSM(NEWS) မတ် ၁၁ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံပိုင် ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ထိုင်းသင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်နိုင်ရန် အရေးပေါ် ဆောင်ရွက်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (Royal Thai Navy) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်အဆင့် ပရာရတ် ရတ်တနချိုင်ဖန်က ယနေ့တွင် ထုတ်ပြန်ရာ၌ ယနေ့…
international news တိုရွန်တိုမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးတွင်သေနတ်ဖြင့် ပစ်ခတ်ခံရ March 11, 2026 Htet Ko PSM(NEWS) မတ် ၁၁၊ ၂၀၂၆ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးတွင် အင်္ဂါနေ့ နံနက်အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။ တိုရွန်တိုရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ နံနက် ၅ နာရီ ၂၉ မိနစ်ခန့်တွင် အဆိုပါ အဆောက်အအုံ၌ “သေနတ်ဖြင့်ပစ်ခတ်မှု” ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းသိရသည်။ ရုပ်သံရုပ်ပုံများအရ…
international news အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ရေနံလုပ်ငန်းကြီး ADNOC သည် ဒရုန်းတိုက်ခိုက်မှုကြောင့် ရုဝိုင်းစ် ရေနံချက်စက်ရုံကို ပိတ်သိမ်းခဲ့ရ March 11, 2026 Htet Ko PSM(NEWS) မတ် ၁၁၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ နိုင်ငံပိုင် ရေနံလုပ်ငန်းကြီးဖြစ်သော Abu Dhabi National Oil Company (ADNOC) သည် ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် စက်ရုံဝင်းအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရုဝိုင်းစ်ရေနံချက်စက်ရုံကို ပိတ်သိမ်းလိုက်ရကြောင်း သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့တွင် ပြောကြားသည်။ ဤဖြစ်စဉ်သည် အမေရိကန်အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော…
international news အီရန်နိုင်ငံတွင် ဖြစ်ပွားနေသည့် ‘Black Rain’ကြောင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များရှိကြောင်း WHO သတိပေး March 11, 2026 Htet Ko PSM(NEWS) မတ် ၁၁ ၊ ၂၀၂၆ အီရန်နိုင်ငံတွင် ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် လေထုအတွင်း ပျံ့နှံ့နေသည့်အဆိပ်အတောက် ဖြစ်စေသော ဒြပ်ပေါင်းများနှင့် ‘Black Rain’တို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့တွင် သတိပေးလိုက်သည်။ အီရန်နိုင်ငံရှိ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနှင့် အတူ လေထုအတွင်းသို့ အဆိပ်သင့် ဟိုက်ဒရိုကာဗွန်များ၊ ဆာလ်ဖာအောက်ဆိုဒ်များနှင့်…
international news စွမ်းအင်အကျပ်အတည်း ဆိုက်ရောက်နေပြီဟု ပူတင်ပြောကြား၊ ရုရှားအနေဖြင့် ဥရောပနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေ March 11, 2026 Htet Ko PSM(NEWS) မတ် ၁၀၊ ၂၀၂၆ အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အကျပ်အတည်း တစ်ရပ် ဖြစ်ပွားစေခဲ့ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြား မှတစ်ဆင့် သယ်ယူပို့ဆောင်နေရသည့် ရေနံထုတ်လုပ်မှုများ မကြာမီ ရပ်တန့်သွားနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် သတိပေး ပြောကြားလိုက်သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံတင်ပို့သူနှင့် သဘာဝဓာတ်ငွေ့ အများဆုံးပိုင်ဆိုင်ထားသည့် ရုရှားနိုင်ငံအနေဖြင့် ဥရောပဖောက်သည်များက…
international news အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေဟု ဝမ်ယိ ပြောကြား March 10, 2026 Htet Ko PSM(NEWS) မတ် ၉ ၊ ၂၀၂၆ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘေဂျင်းသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံ၏ နှစ်ရှည်လများ ကျင့်သုံးလာခဲ့သည့် မူဝါဒကို အလေးပေး ပြောကြားခဲ့သည်။ မတ်လ ၈ ရက်နေ့က ပြုလုပ်သည့်…
international news အီရန်သင်္ဘောကို ဆိပ်ကမ်း ကပ်ခွင့်ပြုခဲ့ခြင်းမှာ မှန်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား March 10, 2026 Htet Ko PSM(NEWS) မတ် ၉၊ ၂၀၂၆ အီရန်နိုင်ငံက ၎င်းတို့၏ သင်္ဘော (၃)စင်းကို အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အိန္ဒိယအစိုးရက မတ်လ ၁ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမှာ “မှန်ကန်သည့်လုပ်ရပ်”ဖြစ်သည်ဟု ယုံကြည်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကတနင်္လာနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ သင်္ဘော (၃) စင်း အနက် သင်္ဘော (၁)…