international news တောင်ကိုရီးယားကို “ဓားမြောင်” ဟု တင်စားပြောဆိုခဲ့သည့် အမေရိကန်တပ်မှူးအား တရုတ်နိုင်ငံ ဝေဖန် May 29, 2026 Htet Ko PSM(NEWS) မေ ၂၉၊၂၀၂၆ တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့လာမှုကို ဟန့်တားရန်အတွက် တောင်ကိုရီးယားကို “ဓားမြောင်” (dagger) ဟုလည်းကောင်း၊ ဂျပန်ကို “ဒိုင်းလွှား” (shield) ဟုလည်းကောင်း တင်စားပြောဆိုခဲ့သည့် ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ (USFK) ၏ တပ်မှူးကို တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန်လိုက်သည်။ မေလ ၂၂ ရက်နေ့က အမေရိကန်စစ်တပ် စစ်ကောလိပ်…
international news တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တင်သွင်းမှုခွဲတမ်းနှင့် အခွန်အခများကို ဥရောပသမဂ္ဂ တိုးမြှင့်ကောက်ခံမည်ဟု အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ ပြောကြား May 29, 2026 Htet Ko PSM(NEWS) မေလ ၂၉၊၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများကြောင့် ဥရောပ၏ စက်မှုကဏ္ဍအချို့ ရင်ဆိုင်နေရသည့် “ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု” ကို ကာကွယ်ရန်အတွက် တင်သွင်းမှုခွဲတမ်းများနှင့် အခွန်အခများကို ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ စတက်ဖန် ဆီဂျူးနေး ကFinancial Times သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အနေနဲ့ ကုန်ကြမ်းပစ္စည်းတွေ…
international news ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် ပင်လယ်ပြင်လုံခြုံရေးမြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် ပြောကြား May 29, 2026 Htet Ko PSM (NEWS) မေလ ၂၉၊ ၂၀၂၆ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့သည် ပင်လယ်ပြင်လုံခြုံရေးကို အားကောင်းလာစေရန်နှင့် မိမိတို့၏ပင်လယ်ပြင်များသည် အင်အားသုံး၍ အုပ်ချုပ်ခြင်းမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများဖြင့်သာ လည်ပတ်နေစေရန် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် က ကြာသပတေးနေ့တွင် တိုကျိုမြို့၌ ပြုလုပ်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ အဆိုပါ နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်များနှင့်…
international news ထိုင်းအတိုက်အခံနိုင်ငံရေးသမား သနသော်န်ကို တော်ဝင်မိသားစုအား စော်ကားမှုဖြင့် စွဲချက်တင်ထားသည့်အမှုမှ တရားရုံးက ပြန်လည်လွတ်ပေး May 29, 2026 Htet Ko PSM(NEWS) မေ ၂၉၊ ၂၀၂၆ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့သည့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းနှင့် တော်ဝင်မိသားစုအား စော်ကားခြင်းတို့အတွက် စွဲချက်တင်ခံထားရသော ထိုင်းနိုင်ငံ၏ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို ရာဇဝတ်တရားရုံးက ပြန်လည်လွတ်ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ လက်ရှိအတိုက်အခံ ပြည်သူ့ပါတီ နှင့် ပူးပေါင်းဆောင်ရွက်နေသော တိုးတက်သောနိုင်ငံရေးလှုပ်ရှားမှုကို တည်ထောင်သူ အသက် ၄၇ နှစ်အရွယ်…
international news စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကိုရီးယားနှစ်နိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ်အဖြစ် ရောက်ရှိ May 28, 2026 Htet Ko PSM (NEWS) မေ ၂၈၊၂၀၂၆ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်သည် အင်္ဂါနေ့တွင်မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့၌မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီနှင့်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း KCNA နိုင်ငံပိုင်သတင်းဌာနကဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ဘာလာခရစ်ရှနန်နှင့်ချွဲဆွန်ဟွီတို့သည်ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း KCNAကအသေးစိတ်ဖော်ပြခြင်းမရှိဘဲ ဆိုသည်။ ဘာလာခရစ်ရှနန်သည်မြောက်ကိုရီးယားနိုင်ငံပြီးနောက်တောင်ကိုရီးယားနိုင်ငံသို့ဆက်လက်သွားရောက်ရန် စီစဉ်ထားပြီး၊ ၎င်းသည် စင်ကာပူသံတမန်တစ်ဦးအနေဖြင့် ကိုရီးယားကျွန်းဆွယ်ရှိနှစ်နိုင်ငံစလုံးသို့သွားရောက်သည့်ရှားပါးခရီးစဉ်တစ်ခု ဖြစ်လာသည်။ ဘာလာခရစ်ရှနန်သည် ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်များ၏ ပထမဆုံးထိပ်သီးအစည်းအဝေးကိုစင်ကာပူကလက်ခံကျင်းပစဉ်က စင်ကာပူအစိုးရအဖွဲ့တွင်…
international news NATO၏မြောက်ဘက်နယ်စပ်များတွင်ဒရုန်းများကျူးကျော်ဝင်ရောက်မှုကြောင့် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက် May 28, 2026 Htet Ko PSM(NEWS) မေ ၂၈၊၂၀၂၆ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီယာနှင့်လစ်သူယေးနီးယားနိုင်ငံတို့၏ လေပိုင်နက်အတွင်းသို့ စစ်ဘက်သုံးဒရုန်းများကျူးကျော်ဝင်ရောက်မှုများဆက်တိုက်ဖြစ်ပေါ်နေခြင်းက ယူကရိန်း-ရုရှားစစ်ပွဲ၏ သက်ရောက်မှုများ ပိုမိုကျယ်ပြန့်လာကြောင်း ပြသနေသည်။ ယူကရိန်းကရုရှား၏ရေနံစက်ရုံဆိပ်ကမ်းများကိုတာဝေးပစ်ဒရုန်းများဖြင့်တိုက်ခိုက်ရာတွင်ဒရုန်းအချို့သည် လမ်းကြောင်းလွဲချော်ပြီး NATOအဖွဲ့ဝင်နိုင်ငံများ၏လေပိုင်နက်အတွင်းသို့ရောက်ရှိသွားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များသည် လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေများကိုဖန်တီးနေပြီး၊လတ်ဗီယာနိုင်ငံတွင်ဆိုလျှင်အစိုးရအဖွဲ့ပြိုလဲသည်အထိ နိုင်ငံရေးအရ သက်ရောက်မှုများ ရှိခဲ့သည်။ မတ်လအတွင်းကစတင်ခဲ့သော အဆိုပါကျူးကျော်မှုဖြစ်စဉ်များကြောင့်ဖင်လန်၊အက်စ်တိုးနီးယားနှင့်လတ်ဗီယာတို့တွင်လေကြောင်းရန်သတိပေးချက်များထုတ်ပြန်ခဲ့ရသည်။ အထူးသဖြင့်မေလလယ်ပိုင်းတွင် ဟယ်လ်စင်ကီမြို့တော်ရှိ ပြည်သူ၁.၈သန်းကိုအိမ်အတွင်း၌သာနေထိုင်ကြရန်ညွှန်ကြားခဲ့ရခြင်းနှင့် လစ်သူယေးနီးယားတွင် လေဆိပ်နှင့် ရထားလမ်းများကို…
international news ဟော်မုတ်ဇ်ရေလက်ကြားတွင် တောင်ကိုရီးယားကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုတွင် အီရန်ဒုံးကျည် ပါဝင်နိုင်ကြောင်းတောင်ကိုရီးယားပြောကြား May 28, 2026 Htet Ko PSM (NEWS) မေ ၂၈၊ ၂၀၂၆ ယခုလအစောပိုင်းကဟော်မုတ်ဇ်ရေလက်ကြားတွင် HMM ကုမ္ပဏီ၏ ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုတွင် အီရန်နိုင်ငံထုတ် သင်္ဘောဖျက်ဒုံးကျည်တစ်စင်း ပါဝင်ပတ်သက်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါဖြစ်စဉ်သည် မေ ၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သင်္ဘော၏ နောက်ပိုင်းကို အမည်မသိ အရာဝတ္ထုများဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့သည့်အတွက် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သင်္ဘောကိုယ်ထည် ပျက်စီးခဲ့ရသည်။…
international news လာအိုနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသူ ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ May 28, 2026 Htet Ko PSM (NEWS) မေ၂၈၊၂၀၂၆ လာအိုနိုင်ငံ၊ဆိုင်ဆွန်ဘွန်းပြည်နယ်ရှိ ရေကြီးနေသောဂူအတွင်း တစ်ပတ်ကြာ ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို မေလ ၂၇ ရက်နေ့တွင် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း လာအိုနှင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များက အတည်ပြု ပြောကြားသည်။ ကျန်ရှိနေသေးသော လူ ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ ဖြစ်စဉ်မှာမေလ ၂၀ ရက်နေ့က…
international news ပြင်သစ်နိုင်ငံ၌အပူလှိုင်းဖြတ်သန်းမှုကြောင့် လူ (၇) ဦး သေဆုံး May 27, 2026 Htet Ko PSM(NEWS) မေ ၂၇ ၊၂၀၂၆ ပြင်သစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အပူလှိုင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကြောင်းရင်းများဖြင့် လူ (၇) ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မော့ဒ် ဘရီဂျွန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံ၏ အမျိုးသားမိုးလေဝသဌာနက မေလအတွင်း အပူဆုံးနေ့အဖြစ် မှတ်တမ်းတင်ခဲ့သည့် နောက်တစ်ရက်တွင် ယခုကဲ့သို့ သေဆုံးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးသူ…
international news ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများဟု သံသယရှိသူများအား တားဆီးရန် စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင် May 27, 2026 Htet Ko PSM (NEWS) မေ ၂၇ ၊၂၀၂၆ အိန္ဒိယနိုင်ငံဘက်မှ လူများအား တရားမဝင် အတင်းအကျပ် တွန်းပို့နေသည်ဟူသော စိုးရိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် ကင်းလှည့်မှုများကို တိုးမြှင့်လိုက်ပြီး ပြည်သူများအား သတိပေးနှိုးဆော်သည့် အစီအစဉ်များကို စတင်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အာဏာရ ဘာရတီယား ဂျာနာတာပါတီ (BJP) က ၎င်းတို့အုပ်ချုပ်သည့် တြိပူရ၊ အနောက်ဘင်္ဂလားနှင့်…