Month: May 2026

အာဏာလုသမ္မတ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် NUG ကန့်ကွက်သဝဏ်လွှာပေးပို့၊ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ သံရုံးရှေ့တွင် ဆန္ဒပြရန် ပြင်ဆင်နေ

(မေလ ၃၀ ရက်မှ စတင်မည့် အာဏာလုစစ်ခေါင်းဆောင်၏ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရန်ရှိနေ) မောင်မောင်ကဲ/PSM(News) မေ ၂၉၊ ၂၀၂၆ အာဏာလုသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ၅ ရက်ကြာ တရားဝင်ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က အိန္ဒိယအစိုးရထံ ကန့်ကွက်သဝဏ်လွှာ ပေးပို့ထားပြီး အိန္ဒိယရောက်…

မင်းကင်း ပကဖ နှင့် SRF တို့ စားပွဲဝိုင်းတွင် ပြေလည်မှုရရှိပြီး တော်လှန်ရေးညီညွတ်ရေးအတွက် NUG အစိုးရအောက်တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

(ပြစ်မှုမရှိသည့် SRF ရဲဘော်များကို ပြန်လွှတ်မည်ဖြစ်ပြီး အမှုဖွင့်ခံရသူများအား NUG ဥပဒေဘောင် အတွင်းမှ ဖြေရှင်းသွားမည်) PSM(News) မေ ၂၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) နှင့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ၊ ပကဖ) တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် မြေပြင်၌ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး…

တောင်ကိုရီးယားကို “ဓားမြောင်” ဟု တင်စားပြောဆိုခဲ့သည့် အမေရိကန်တပ်မှူးအား တရုတ်နိုင်ငံ ဝေဖန်

PSM(NEWS) မေ ၂၉၊၂၀၂၆ တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးချဲ့လာမှုကို ဟန့်တားရန်အတွက် တောင်ကိုရီးယားကို “ဓားမြောင်” (dagger) ဟုလည်းကောင်း၊ ဂျပန်ကို “ဒိုင်းလွှား” (shield) ဟုလည်းကောင်း တင်စားပြောဆိုခဲ့သည့် ကိုရီးယားဆိုင်ရာ အမေရိကန်တပ်ဖွဲ့ (USFK) ၏ တပ်မှူးကို တရုတ်နိုင်ငံက ပြင်းထန်စွာ ဝေဖန်လိုက်သည်။ မေလ ၂၂ ရက်နေ့က အမေရိကန်စစ်တပ် စစ်ကောလိပ်…

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တင်သွင်းမှုခွဲတမ်းနှင့် အခွန်အခများကို ဥရောပသမဂ္ဂ တိုးမြှင့်ကောက်ခံမည်ဟု အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ ပြောကြား

PSM(NEWS) မေလ ၂၉၊၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများကြောင့် ဥရောပ၏ စက်မှုကဏ္ဍအချို့ ရင်ဆိုင်နေရသည့် “ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု” ကို ကာကွယ်ရန်အတွက် တင်သွင်းမှုခွဲတမ်းများနှင့် အခွန်အခများကို ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ စတက်ဖန် ဆီဂျူးနေး ကFinancial Times သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အနေနဲ့ ကုန်ကြမ်းပစ္စည်းတွေ…

ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် ပင်လယ်ပြင်လုံခြုံရေးမြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် ပြောကြား

PSM (NEWS) မေလ ၂၉၊ ၂၀၂၆ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့သည် ပင်လယ်ပြင်လုံခြုံရေးကို အားကောင်းလာစေရန်နှင့် မိမိတို့၏ပင်လယ်ပြင်များသည် အင်အားသုံး၍ အုပ်ချုပ်ခြင်းမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများဖြင့်သာ လည်ပတ်နေစေရန် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် က ကြာသပတေးနေ့တွင် တိုကျိုမြို့၌ ပြုလုပ်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ အဆိုပါ နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုချက်များနှင့်…

ထိုင်းအတိုက်အခံနိုင်ငံရေးသမား သနသော်န်ကို တော်ဝင်မိသားစုအား စော်ကားမှုဖြင့် စွဲချက်တင်ထားသည့်အမှုမှ တရားရုံးက ပြန်လည်လွတ်ပေး

PSM(NEWS) မေ ၂၉၊ ၂၀၂၆ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့သည့် Facebook တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခြင်းနှင့် တော်ဝင်မိသားစုအား စော်ကားခြင်းတို့အတွက် စွဲချက်တင်ခံထားရသော ထိုင်းနိုင်ငံ၏ ထင်ရှားသည့် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို ရာဇဝတ်တရားရုံးက ပြန်လည်လွတ်ပေးလိုက်ကြောင်း ၎င်း၏ရှေ့နေက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ လက်ရှိအတိုက်အခံ ပြည်သူ့ပါတီ နှင့် ပူးပေါင်းဆောင်ရွက်နေသော တိုးတက်သောနိုင်ငံရေးလှုပ်ရှားမှုကို တည်ထောင်သူ အသက် ၄၇ နှစ်အရွယ်…

ပန်းတောင်းမြို့နယ် ခလရ-၉၂ မှ အာဏာလုစစ်အုပ်စု၏ စစ်သားတစ်ဦး နတ်စစ်သည်တပ်ဖွဲ့ထံ အလင်းဝင်ရောက်

PSM(News) မေ ၂၈၊ ၂၀၂၆ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အခြေစိုက် ခလရ-၉၂ မှ အာဏာလုစစ်အုပ်စု၏ စစ်သားတစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃) ဖြစ်သော နတ်စစ်သည်တပ်ဖွဲ့ထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၁ နှစ်အရွယ် စစ်သား ပြည့်ဖြိုးအောင်…

မင်းကင်းတွင် SRF ဥက္ကဋ္ဌ အပါအဝင် ၁၆ ဦး ဖမ်းဆီးခံရမှုနှင့် ပြည်သူများ ပစ်ခတ်ခံရသည့်ဖြစ်စဉ်အပေါ် အမြန်ဆုံးဖြေရှင်းပေးရန် NUG အား တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့ တောင်းဆို

====== (ယခုဖြစ်စဉ်အား တိကျသည့်အဖြေမထုတ်ပေးနိုင်ပါက NUG ၏ တရားဝင်မှုကို ဆက်လက်ကာကွယ်ပေးနိုင်မည်မဟုတ်ဟု သတိပေး) မောင်မောင်ကဲ/PSM(News) မတ် ၂၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ၏ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရားဥပဒေကြောင်းအရ…

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ရှိနေသည့် ကျေးရွာအနီး အာဏာလုအစိုးရစစ်တပ်က တိုက်လေယာဉ်ဖြင့် ပျံသန်းခြိမ်းခြောက်

မောင်မောင်ကဲ/PSM(News) မေ ၂၈၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် အဖွဲ့ရှိရာ ကျေးရွာအနီးသို့ အာဏာလုအစိုးရစစ်တပ်က တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း RCSS ၏ သတင်းထုတ်ပြန်ရေးဌာနတွင် ဖော်ပြထားသည်။ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် မိုင်းပန်မြို့နယ်၊…

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကိုရီးယားနှစ်နိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ်အဖြစ် ရောက်ရှိ

PSM (NEWS) မေ ၂၈၊၂၀၂၆ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်သည် အင်္ဂါနေ့တွင်မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့၌မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီနှင့်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း KCNA နိုင်ငံပိုင်သတင်းဌာနကဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ဘာလာခရစ်ရှနန်နှင့်ချွဲဆွန်ဟွီတို့သည်ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း KCNAကအသေးစိတ်ဖော်ပြခြင်းမရှိဘဲ ဆိုသည်။ ဘာလာခရစ်ရှနန်သည်မြောက်ကိုရီးယားနိုင်ငံပြီးနောက်တောင်ကိုရီးယားနိုင်ငံသို့ဆက်လက်သွားရောက်ရန် စီစဉ်ထားပြီး၊ ၎င်းသည် စင်ကာပူသံတမန်တစ်ဦးအနေဖြင့် ကိုရီးယားကျွန်းဆွယ်ရှိနှစ်နိုင်ငံစလုံးသို့သွားရောက်သည့်ရှားပါးခရီးစဉ်တစ်ခု ဖြစ်လာသည်။ ဘာလာခရစ်ရှနန်သည် ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်များ၏ ပထမဆုံးထိပ်သီးအစည်းအဝေးကိုစင်ကာပူကလက်ခံကျင်းပစဉ်က စင်ကာပူအစိုးရအဖွဲ့တွင်…

You missed