PSM (NEWS) မေ ၂၈၊၂၀၂၆ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်သည် အင်္ဂါနေ့တွင်မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့၌မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီနှင့်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း KCNA နိုင်ငံပိုင်သတင်းဌာနကဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ဘာလာခရစ်ရှနန်နှင့်ချွဲဆွန်ဟွီတို့သည်ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း KCNAကအသေးစိတ်ဖော်ပြခြင်းမရှိဘဲ ဆိုသည်။ ဘာလာခရစ်ရှနန်သည်မြောက်ကိုရီးယားနိုင်ငံပြီးနောက်တောင်ကိုရီးယားနိုင်ငံသို့ဆက်လက်သွားရောက်ရန် စီစဉ်ထားပြီး၊ ၎င်းသည် စင်ကာပူသံတမန်တစ်ဦးအနေဖြင့် ကိုရီးယားကျွန်းဆွယ်ရှိနှစ်နိုင်ငံစလုံးသို့သွားရောက်သည့်ရှားပါးခရီးစဉ်တစ်ခု ဖြစ်လာသည်။ ဘာလာခရစ်ရှနန်သည် ၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်များ၏ ပထမဆုံးထိပ်သီးအစည်းအဝေးကိုစင်ကာပူကလက်ခံကျင်းပစဉ်က စင်ကာပူအစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင်ငြိမ်းချမ်းသောဆက်ဆံရေးသစ်များ ထူထောင်ရန်နှင့် ပြုံယမ်း၏နျူကလီးယားအစီအစဉ်ကိုအဆုံးသတ်ရေးလုပ်ဆောင်ရန် ပူးတွဲကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမ္မတ ထရမ့်က ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးလိုကြောင်းနှင့်၎င်းတို့နှစ်ဦးကြားကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့သော်လည်း၊မြောက်ကိုရီးယားဘက်မှမူယင်းကမ်းလှမ်းချက်များကို တိုက်ရိုက်တုံ့ပြန်ခြင်း မရှိသေးပေ။ ကိုးကား-Reuters Post navigation NATO၏မြောက်ဘက်နယ်စပ်များတွင်ဒရုန်းများကျူးကျော်ဝင်ရောက်မှုကြောင့် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက် ထိုင်းအတိုက်အခံနိုင်ငံရေးသမား သနသော်န်ကို တော်ဝင်မိသားစုအား စော်ကားမှုဖြင့် စွဲချက်တင်ထားသည့်အမှုမှ တရားရုံးက ပြန်လည်လွတ်ပေး