PSM(NEWS)

မေ ၂၇ ၊၂၀၂၆

ပြင်သစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အပူလှိုင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကြောင်းရင်းများဖြင့် လူ (၇) ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မော့ဒ် ဘရီဂျွန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ၏ အမျိုးသားမိုးလေဝသဌာနက မေလအတွင်း အပူဆုံးနေ့အဖြစ် မှတ်တမ်းတင်ခဲ့သည့် နောက်တစ်ရက်တွင် ယခုကဲ့သို့ သေဆုံးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

သေဆုံးသူ (၇) ဦးအနက် (၅) ဦးမှာ အိုင်များ၊ မြစ်များ သို့မဟုတ် ကမ်းခြေများတွင် ရေကူးရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

အစိုးရအနေဖြင့် အားကစားပွဲများ ကျင်းပရာတွင် ပြည်သူများ လုံခြုံမှုရှိစေရန်အတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များအား ညွှန်ကြားထားကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံတွင် စနေနေ့မှစ၍ ပုံမှန်ထက် ပိုမိုမြင့်မားသော အပူချိန်များကို ခံစားနေရသည်။ Meteo Franceမိုးလေဝသဌာနက ဘရစ်တန်နီ ,ဒေသအများစုအတွက် လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး အင်္ဂါနေ့မွန်းလွဲပိုင်းတွင် အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ် (၉၆.၈ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ အပူလှိုင်းသည် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့အထိ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း မိုးလေဝသဌာန၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

ကိုးကား-Reuters

By Htet Ko

You missed