PSM(NEWS) မေလ ၂၉၊၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများကြောင့် ဥရောပ၏ စက်မှုကဏ္ဍအချို့ ရင်ဆိုင်နေရသည့် “ရှင်သန်ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှု” ကို ကာကွယ်ရန်အတွက် တင်သွင်းမှုခွဲတမ်းများနှင့် အခွန်အခများကို ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အီးယူစက်မှုလုပ်ငန်းဆိုင်ရာ အကြီးအကဲ စတက်ဖန် ဆီဂျူးနေး ကFinancial Times သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အနေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒါမှမဟုတ် လုပ်ငန်းစုတွေအပေါ်မှာတင် မဟုတ်ဘဲ စက်မှုကဏ္ဍတစ်ခုလုံးအပေါ်မှာ အကာအကွယ်ပေးရေးဆိုင်ရာ စည်းမျဉ်းတွေကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ဆီဂျူးနေးက ပြောကြားသည်။ ဓာတုဗေဒ၊ သတ္တုနှင့် သန့်စင်သောနည်းပညာကဲ့သို့သော ဥရောပစက်မှုလုပ်ငန်းများသည် တရားမျှတမှုမရှိသော တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်မှုများကြောင့် ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံမှ တင်သွင်းသည့် စျေးပေါသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန်နှင့် ဥရောပ၏ စက်မှုအခြေခံအုတ်မြစ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အရေးကြီးသော မူဝါဒအပြောင်းအလဲတစ်ခု ဖြစ်လာဖွယ်ရှိသည်။ ကိုးကား-Reuters Post navigation ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် ပင်လယ်ပြင်လုံခြုံရေးမြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် ပြောကြား တောင်ကိုရီးယားကို “ဓားမြောင်” ဟု တင်စားပြောဆိုခဲ့သည့် အမေရိကန်တပ်မှူးအား တရုတ်နိုင်ငံ ဝေဖန်