PSM(NEWS)

ဇွနိ ၃၊ ၂၀၂၆

ဇွန်လ ၂ ရက်နေ့တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရှိ အဓိကမြို့ကြီးများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိယက်ဗ်မြို့တွင် လူနေအဆောက်အအုံနှစ်ခု ထိမှန်ခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လေကြောင်းရန် ကာကွယ်ရေး လက်နက်များ အမြန်ဆုံး ပံ့ပိုးပေးရန် တောင်းဆိုလိုက်သည်။ ရုရှားဘက်ကမူ ဤတိုက်ခိုက်မှုသည် ပြီးခဲ့သည့်လက ယူကရိန်းဘက်မှ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားနိုင်ငံက ဒရုန်း ၆၅၆ စင်းနှင့် ဒုံးကျည် ၇၃ စင်းကို အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတို့အနက် ဇာခွန် (Zircon) ဟိုက်ပါဆွန်းနစ် ဒုံးကျည် ၈ စင်း ပါဝင်ကြောင်း ဖော်ပြထားသည်။ ယူကရိန်းဘက်က ဒုံးကျည် ၄၀ နှင့် ဒရုန်း ၆၀၂ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ရုရှားအစိုးရသည် စစ်မြေပြင်တွင် ရှုံးနိမ့်နေပြီး အကြမ်းဖက်မှုလမ်းစဉ်ကိုသာ ရွေးချယ်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကမူ ယူကရိန်းစစ်ပွဲသည် အရပ်သားများကို ပစ်မှတ်ထားသည့် “အကြမ်းဖက်မှု အသစ်တစ်ရပ်” ပေါ်ပေါက်လာခြင်းကြောင့် “ပုံစံသစ်တစ်ခု” (New Paradigm) သို့ ရောက်ရှိသွားပြီဟု ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *