PSM (NEWS) ဇွန် ၄၊၂၀၂၆ အင်ဒိုနီးရှားစစ်တပ်သည် ပူးပေါင်းလုပ်ငန်းအဖွဲ့တစ်ခုနှင့် အတူဇွန်လ ၃ ရက်နေ့တွင်ရီအူကျွန်းစုပင်လယ်ပြင်တွင် တရားမဝင် မြေရှားသတ္တုများ နှင့် ရေဒီယိုသတ္တိကြွ သတ္တုရိုင်း ၃၉၀ တန်ကို မှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မှောင်ခိုသတ္တုရိုင်းများ၏ တန်ဖိုးမှာ အင်ဒိုနီးရှား ရူပီးငွေ ထရီလီယံနှင့်ချီ၍ ရှိနိုင်ပြီး အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းထားသည်။ ဖမ်းဆီးရမိသည့် အဆိုပါသတ္တုရိုင်းတင်ဆောင်လာသော သင်္ဘောများသည် စင်ကာပူနိုင်ငံသို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာတမ် ကျွန်းအနီးတွင် ရေတပ်က ကြားဖြတ်တားဆီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ တရားမဝင် လုပ်ဆောင်မှုများကို ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။ ကိုးကား-The Straits Times Post navigation အိန္ဒိယနိုင်ငံသည် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်ရေးသုံးဒရုန်းများ ဝယ်ယူရန် စီစဉ်နေ ဧဝရတ်တောင်ပေါ်တွင် အစာနှင့် အောက်ဆီဂျင်မပါဘဲ တစ်ပတ်နီးပါး ပျောက်ဆုံးနေခဲ့သည့် ရှာပါလမ်းပြတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့