daily-news လက်ပံတန်းရှိ အာဏာလု စစ်အုပ်စု၏ ထန်းပင်ချောင် ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ပျက်၍ တပ်ဖွဲ့ဝင်များ ထွက်ပြေး August 18, 2026 Htet Ko PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်အုပ်စု ဂိတ်စခန်းကို လက်နက်ကြီး၊…
daily-news စစ်တောင်းမြစ်ဝှမ်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ရေကြီးမှုအန္တရာယ် မြင့်မားနေပြီး ရန်ကုန်၊ မွန် နှင့် ကရင်တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာမည် August 18, 2026 Htet Ko PSM (News) ၁၈ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်နှင့် အနောက်တောင် မုတ်သုံလေ အရှိန်ကြောင့် လာမည့် ဩဂုတ်လ ၂၀ ရက်နေ့အထိ ပဲခူးတိုင်းအရှေ့ခြမ်းတွင် မိုးအားကောင်းစွာ ဆက်လက် ရွာသွန်းနိုင်ပြီး စစ်တောင်းမြစ် ဝှမ်းဒေသများ၌ ရေကြီးမှု အန္တရာယ် မြင့်မားနေကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က အသိ ပေးထားသည်။ မုန်တိုင်းငယ်သည် အန္ဒိယဘက်သို့…
daily-news ဖမ်းဆီးခံထားရစဉ် လက်နက်လုယူ ထွက်ပြေးသည့် ဒုအကောက်ခွန်မှူး ဖြိုးစံ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး၊ ပြန်လည်ခုခံသူ မည်သူမဆို ပွဲချင်းပြီး ရှင်းလင်းမည်ဟု နည်းဗျူဟာ -၃၃ သတိပေး August 18, 2026 Htet Ko PSM(News) ဩဂုတ် ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံ သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လက်နက်လုယူ၍ ပြန်လည်ခုခံ ထွက်ပြေးသဖြင့် နေရာတွင်ပင် ပစ်ခတ်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။ ဒုအကောက်ခွန်မှူး ဖြိုးစံ (ကပ-၂၇၁၈)…
daily-news မိုးမိတ်၊ ရွှေကူနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေ၍ လမ်းပိုင်း များ ပိတ်ထားရပြီး ဒေသခံများ စစ်ရှောင်နေရ August 18, 2026 Htet Ko PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စစ်အုပ်စု၏ ထိုးစစ်ဆင်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ကို ယာယီ ပိတ်ထားရပြီး ဒေသခံ ရာပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၃၄) တပ်ရင်းဌာနချုပ်သည် ပြီးခဲ့သည့်…
daily-news မြောင်မြို့တွင် စစ်ဆေးရေးဂိတ်တာဝန်ကျ တပ်ကြပ်ကြီး အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံး August 17, 2026 Htet Ko PSM (News) ဩဂုတ် ၁၇ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့တွင် စစ်ဆေးရေးဂိတ် တာဝန်ယူထားသည့် အာဏာလု စစ်တပ်မှ တပ်ကြပ်ကြီး ဇော်ကြီး ဆိုသူသည် ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက Beauty Salon (အလှပြင်ဆိုင်) တစ်ခု၌ ခေါင်းလျှော်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ…
daily-news ရွာငံတွင် အာဏာလု စစ်အုပ်စုက ကျေးရွာ ၃ ရွာမှ ပြည်သူများကို မောင်းထုတ်ပြီး နေအိမ်များမှ ပစ္စည်းများအား ခိုးယူလုယက်နေ August 17, 2026 Htet Ko PSM (News) ဩဂုတ် ၁၇ ၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော အာဏာလု စစ်အုပ်စုသည် ဒေသခံ ပြည်သူများကို နေအိမ်များမှ အဓမ္မ မောင်းထုတ်၍ ပစ္စည်းများကို ခိုးယူ လုယက်မှုများ ပြုလုပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၀၀၃ တပ်ရင်း(Danu-PDF)က ယမန်နေ့ ဩဂုတ်…
daily-news ငဖဲတွင် အာဏာလု စစ်တပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် CDF-Asho တပ်ဦးချုပ် အပါအဝင် ၃ ဦး ကျဆုံး August 17, 2026 Htet Ko PSM (News) ဩဂုတ် ၁၇ ၊၂၀၂၆ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း၌ အာဏာလု စစ်တပ်၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ တပ်ဦးချုပ် အပါအဝင် တပ်ဖွဲ့ဝင် သုံး ဦး အသက်စွန့် ကျဆုံးခဲ့ရကြောင်း CDF-Asho က ယနေ့ ဩဂုတ် ၁၇ ရက် တွင်…
daily-news စစ်ဘေးရှောင်နှင့် ဒဏ်ရာရရဲဘော်များအား ကူညီနိုင်ရေး CRPH အဖွဲ့ ထိုင်းလွှတ်တော်အမတ်များနှင့် ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေး August 17, 2026 Htet Ko PSM (News) ဩဂုတ် ၁၇၊၂၀၂၆ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအတွက် ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့သည် ထိုင်းလွှတ်တော်အမတ်များ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ သားသမီးများ ပညာဆက်လက် သင်ကြားနိုင်ရေး…
daily-news နိုင်ငံတစ်ဝန်း မိုးဆက်လက် အားကောင်းမည်၊ ရခိုင်တွင် မိုးအလွန်သည်းထန်နိုင်ပြီး ဧရာဝတီမြစ်ရေ အောက်ပိုင်းရှိ ဒေသများ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေဦးမည် August 17, 2026 Htet Ko PSM (News) ၁၇ ဩဂုတ် ၂၀၂၆ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဝင်ရောက်နေပြီး ရခိုင်ပြည်နယ်တွင် မိုးအလွန် သည်းထန်နိုင်ကာ နိုင်ငံတစ်ဝန်း မိုးဆက်လက် ပိုမိုရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) ၏ မိုးလေဝသ ခန့်မှန်းမော်ဒယ်များအရ သိရသည်။ မိုးရွာသွန်းမှု အခြေအနေ ရခိုင်ပြည်နယ်တွင် မိုးအလွန်သည်းထန်ကာ…
daily-news မိုးမိတ်နယ်တွင် တိုက်ပွဲများ အရှိန်မြင့်လာ၍ မန်တုံ-မိုးမိတ် နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းများကို KIA ယာယီ ပိတ်ပင် August 16, 2026 Htet Ko PSM (News) ၁၆ ဩဂုတ် ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း အာဏာလုစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) / KPDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် အများပြည်သူနှင့် ခရီးသွားများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် မန်တုံ-မိုးမိတ် လမ်းပိုင်း နှင့် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်း တို့ကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့မှစ၍ ယာယီ…