PSM(News)

ဩဂုတ် ၁၈ ၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံ သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လက်နက်လုယူ၍ ပြန်လည်ခုခံ ထွက်ပြေးသဖြင့် နေရာတွင်ပင် ပစ်ခတ်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။

ဒုအကောက်ခွန်မှူး ဖြိုးစံ (ကပ-၂၇၁၈) သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရစဉ် အာဏာလု စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကို အခွင့်ကောင်း ယူကာ လုံခြုံရေး ရဲဘော်ထံမှ လက်နက်လုယူ၍ ပြန်လည်ခုခံ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာလု စစ်တပ် စစ်ကြောင်းများသည် မည်သူ့ကိုမျှ ကယ်တင်နိုင်မည် မဟုတ်သဖြင့် ပြေးပေါက်မရှိကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းသိမ်းခြင်း ခံရပါက ငြိမ်ဝပ်စွာ နေထိုင်ပြီး ညွှန်ကြားချက်များကို လိုက်နာလျှင် လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှု ရရှိမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ အခွင့်အရေးယူ၍ ပြန်လည်ခုခံရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးပမ်းသူ မည်သူမဆို ဖြိုးစံကဲ့သို့ ပွဲချင်းပြီး ရှင်းလင်းခံရမည်ဖြစ်ကြောင်း နည်းဗျူဟာ (၃၃) က သတိပေးထားသည်။

သေဆုံးသူ ဒုအကောက်ခွန်မှူး ဖြိုးစံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ အာဏာလု စစ်တပ်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဦးအောင်မြိုင်၏ သားဖြစ်ပြီး လောင်းလုံမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-တနင်္သာရီစစ်ဌာန၊ နည်းဗျူဟာ (၃၃)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *