PSM (News) ဩဂုတ် ၁၇ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မြောင်မြို့တွင် စစ်ဆေးရေးဂိတ် တာဝန်ယူထားသည့် အာဏာလု စစ်တပ်မှ တပ်ကြပ်ကြီး ဇော်ကြီး ဆိုသူသည် ယနေ့ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက Beauty Salon (အလှပြင်ဆိုင်) တစ်ခု၌ ခေါင်းလျှော်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ တပ်ကြပ်ကြီးဇော်ကြီးသည် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က မြောင်မြို့၊ ဆေးရုံကွက်သစ်ရှိ Beauty Salon တွင် ခေါင်းလျှော်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ဝင်ရောက်၍ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာလု စစ်တပ်က အခင်းဖြစ်ပွားရာ အနီးနား ပတ်ဝန်းကျင်ရှိ အပြစ်မဲ့ ပြည်သူ အမျိုးသားနှင့် အမျိုးသမီး အများအပြားကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုကို မည်သည့် ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့သည်ဆိုသည်ကို PSM အနေဖြင့် အသေးစိတ် စုံစမ်းနေဆဲ ဖြစ်သည်။ ဓာတ်ပုံ-CJ Post navigation ရွာငံတွင် အာဏာလု စစ်အုပ်စုက ကျေးရွာ ၃ ရွာမှ ပြည်သူများကို မောင်းထုတ်ပြီး နေအိမ်များမှ ပစ္စည်းများအား ခိုးယူလုယက်နေ မိုးမိတ်၊ ရွှေကူနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေ၍ လမ်းပိုင်း များ ပိတ်ထားရပြီး ဒေသခံများ စစ်ရှောင်နေရ