Category: daily-news

ဇူလိုင်လအတွင်း အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးပြီး စခန်း ၁၀ ခု သိမ်းပိုက်နိုင် ခဲ့ကြောင်း NUG ထုတ်ပြန်

PSM (News) ဩဂုတ် ၂၀ ၊ ၂၀၂၆ ပြီးခဲ့သည့် ဇူလိုင်လတစ်လတာအတွင်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် အာဏာလု စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် ၃၁၅ ဦး သေဆုံးခဲ့ပြီး စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ ဩဂုတ် ၂၀ ရက်နေ့တွင်…

ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိ၊ ပေါ်တာဆွဲခံရသူများ ပြည်သူ့ဘက်သို့ အလင်းဝင်ရန် PDF သတိပေး

PSM(News) ဩဂုတ် ၂၀ ၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာတွင် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။…

မွန်၊ ကရင်နှင့် တနင်္သာရီတွင် မိုးအလွန်များနိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးမည်

PSM (News) ဩဂုတ် ၂၀ ၊ ၂၀၂၆ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဝဲစနစ် (Invest 95W) ကြောင့် အနောက်တောင် မုတ်သုံလေ အားကောင်းလာပြီး မြန်မာနိုင်ငံအတွင်းသို့ စိုစွတ်သည့် မိုးတိမ်များ စိမ့်ဝင် လာနေသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက် မော်ဒယ်များနှင့် PSM ၏ မိုးလေဝသ စောင့်ကြည့်လေ့လာမှုများအရ သိရသည်။…

ရှမ်းနီတပ် SNA မှ အလင်းဝင်လာသူ ၃ ဦးအား ကျပ်သိန်း ၁၅၀ ဆုကြေးငွေ ပေးအပ်

PSM (News) ဩဂုတ် ၁၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် တပ်ဖွဲ့ဝင် သုံး ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ပကဖအသံက ယနေ့ ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ SNA တပ်ဖွဲ့ဝင်များသည်…

ကျဆုံးသူရဲကောင်း မိသားစုများနှင့် CDM များအတွက် လင်းလင်းနှင့် ချစ်သုဝေတို့၏ Theatre 21 Authentic Live Show မေရီလန်းတွင် ကျင်းပမည်

PSM(News) ဩဂုတ် ၁၉ ၊ ၂၀၂၆ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် သူရဲကောင်း မိသားစုဝင်များကို ကူညီထောက်ပံ့ရန် ရည် ရွယ်၍ အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့၏ Theatre 21 Authentic Live Show ဂီတဖျော်ဖြေပွဲကြီးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်း (Maryland) ပြည်နယ်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို…

မင်းကင်းမြို့နယ် ပကဖ မွမ်းမံသင်တန်းဆင်းပွဲတွင် SRF ရဲဘော်ဟောင်းများကို ပကဖ ဘက်တံဆိပ် အပ်နှင်း

PSM (News) သြဂုတ် ၁၉ ၊ ၂၀၂၆ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးစီးကျင်းပသည့် စုဖွဲ့လေ့ကျင့် မွမ်းမံသင်တန်းဆင်းပွဲတွင် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲဘော်ဟောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ပကဖ ဘက်တံဆိပ်များ အပ်နှင်းခဲ့ကြောင်း ပကဖအသံထံမှ သိရသည်။ အဆိုပါ သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဩဂုတ်…

နိုင်ငံတဝန်း မိုးပိုလာပြီး ဒေသအချို့ မိုးအလွန်များနေမည်၊ ပင်လယ်ပြင် လှိုင်းအမြင့် ၁၂ ပေအထိ မြင့်တက်နိုင်၍ သွားလာမှု ရှောင်ကြဉ်ရန်လိုအပ်

PSM (News) ဩဂုတ်၊ ၁၉ ၂၀၂၆ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အားကောင်းသည့် မုတ်သုံလေ မြန်မာနိုင်ငံ အတွင်းသို့ ဆက်လက်စီးဝင်နေမှုကြောင့် လာမည့် ဩဂုတ် ၂၁ ရက်အတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှုများ ပြန်လည်ကျယ်ပြန့်လာမည်ဖြစ်ပြီး ဒေသအချို့တွင် မိုးအလွန်များနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနနှင့် မိုးလေဝသ ခန့်မှန်းချက် မော်ဒယ်များ၏ အချက်အလက်များအရ သိရသည်။ ယနေ့ ဩဂုတ် ၁၉…

မြဝတီနှင့် ဘုရားသုံးဆူရှိ စစ်တပ်လက်အောက်ခံ ကျားဖြန့်ရုံများ၌ လူ ၁၃,၆၀၀ ကျော် ပိတ်မိနေ၊ LinkedIn နှင့် Dating App များမှတစ်ဆင့် လှည့်ဖြားနေ

PSM (News) ဩဂုတ် ၁၉ ၊ ၂၀၂၆ မြန်မာ-ထိုင်းနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းခွင်များတွင် စစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များနှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်၌ ပြည်တွင်း/ပြည်ပမှ လူပေါင်း ၁၃,၆၀၀ ကျော် ပိတ်မိနေပြီး LinkedIn အပါအဝင် လူမှုကွန်ရက်များကို အသုံးပြု၍ အလုပ်အကိုင် ဗန်းပြကာ လှည့်ဖြားမှုများ လုပ်ဆောင်နေကြောင်း…

ပင်လယ်ဘူးကို စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲ၊ မိုင်းတုံးတာကြီး ရွှေကျင်းများ ဗုံးကြဲခံရ၍ လုပ်သား ၈ ဦး သေဆုံး

PSM(News) ဩဂုတ် ၁၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ နေရာများကို အာဏာလု စစ်အုပ်စုက ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ ဩဂုတ် ၁၈ ရက် တွင် ရွှေတူး ဖော်ရေး လုပ်ငန်းခွင်များ ဗုံးကြဲခံရသဖြင့် လုပ်သား ရှစ် ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ…

ပင်လယ်ဘူးတွင် စစ်အုပ်စုက ဆေးရုံနှင့် စာသင်ကျောင်းများကို လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၇ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၁၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးရုံများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ နေအိမ်များကို အာဏာလု စစ်အုပ်စုက တိုက်လေယာဉ်များဖြင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ပြည်သူတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ခုနစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံမျာထံမှ…