PSM(News)

ဩဂုတ် ၁၈၊ ၂၀၂၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် အာဏာလု စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က ထန်းပင်ချောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်အုပ်စု ဂိတ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်စဉ် အာဏာလုစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ တပ်ပျက်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား၍ စခန်းကို သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၃၈၀၂) တပ်ခွဲ-၂ နှင့် တပ်ခွဲ့-၃၊ သာယာဝတီခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ရွှေတန်းမြေ၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-လက်ပံတန်း ပကဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *