PSM(News) ဩဂုတ် ၂၀ ၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အာဏာလု စစ်အုပ်စု၏ စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာတွင် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ဆောမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်တပ်ထံမှ MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၉ တောင့်နှင့် G3 ကျည် ၁၀၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာလု စစ်အုပ်စုသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီး မီးရှို့လုယက် သတ်ဖြတ်၍ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များသည်ဆောမြို့နယ်အတွင်းရှိ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်အတွက် ကာလရှည် ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဆောမြို့နယ် တိုက်ပွဲများအတွင်း အာဏာလု စစ်တပ်၏ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်း ခံရပြီးနောက် စစ်မှုထမ်းနေရသည့် တပ်သားများအနေဖြင့် မိသားစုနှင့် ပြန်လည်ဆုံတွေ့လိုပါက ပြည်သူ့ဘက်သို့ အလင်းဝင်ရောက်ကြရန်နှင့် အလင်းဝင်ရောက်ခြင်းမရှိဘဲ စစ်တပ်ဘက်မှ ဆက်လက် တိုက်ခိုက်နေပါက ချေမှုန်းသွားမည်ဖြစ်ကြောင်း သတိပေးတိုက်တွန်းထားသည်။ ဓာတ်ပုံ – PDF Post navigation မွန်၊ ကရင်နှင့် တနင်္သာရီတွင် မိုးအလွန်များနိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးမည် ဇူလိုင်လအတွင်း အာဏာလု စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးပြီး စခန်း ၁၀ ခု သိမ်းပိုက်နိုင် ခဲ့ကြောင်း NUG ထုတ်ပြန်