PSM (News)

ဩဂုတ် ၁၉ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် တပ်ဖွဲ့ဝင် သုံး ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ပကဖအသံက ယနေ့ ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ SNA တပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ဘက်သို့ ကူးပြောင်းလာခဲ့ ကြခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်းနှင့် ဟုမ္မလင်းမြို့နယ်၊ တိုက်နယ် (၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ၎င်းတို့အား ကြိုဆိုလက်ခံကာ စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၁၅၀ ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များထံမှ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူများကို ထိုက်တန်စွာ ဆုကြေးငွေများ ပေးအပ်ချီးမြှင့်လျက်ရှိပြီး လုံခြုံရေးအတွက်လည်း ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ပကဖ အသံ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *