PSM(News) ဩဂုတ် ၁၉ ၊ ၂၀၂၆ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် သူရဲကောင်း မိသားစုဝင်များကို ကူညီထောက်ပံ့ရန် ရည် ရွယ်၍ အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့၏ Theatre 21 Authentic Live Show ဂီတဖျော်ဖြေပွဲကြီးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်း (Maryland) ပြည်နယ်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို လာမည့် အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပုံမှန်ပွဲများနှင့် မတူဘဲ ထူးခြားသည့် တင်ဆက်မှု ပုံစံများဖြင့် တိုက်ရိုက် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ ယခုဖျော်ဖြေပွဲမှ ရရှိလာမည့် ရန်ပုံငွေများကို နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသည့် သူရဲ ကောင်းများ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ CDM မိသားစုများနှင့် နွေဦးမိသားစုဝင်များ၏ ပညာရေး အထောက်အကူပြု လုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပွဲစီစဉ်သူများက ကျဆုံးသွားခဲ့ရသည့် သူရဲကောင်း ၈,၀၀၀ ကျော်၏ အမည်နှင့် အသက် များကို မှတ်တမ်းတင်ထားသည့် အမှတ်တရ ပိုစတာကိုပါ ထုတ်ပြန်ပေးထားပြီး ပွဲလက်မှတ် စတင် ရောင်းချမည့်ရက်၊ ဈေးနှုန်းနှင့် အသေးစိတ် အချက်အလက်များကို မကြာမီ ဆက်လက် ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။ Post navigation မင်းကင်းမြို့နယ် ပကဖ မွမ်းမံသင်တန်းဆင်းပွဲတွင် SRF ရဲဘော်ဟောင်းများကို ပကဖ ဘက်တံဆိပ် အပ်နှင်း ရှမ်းနီတပ် SNA မှ အလင်းဝင်လာသူ ၃ ဦးအား ကျပ်သိန်း ၁၅၀ ဆုကြေးငွေ ပေးအပ်