Category: daily-news

မြိုင်မြို့နယ် Well-2 ရေနံမြေကို ထိုးစစ်ဆင်လာသည့် စစ်တပ် အထိနာနေပြီး လေကြောင်း တိုက်ခိုက်မှုများ အလွန်အကျွံ အသုံးပြုနေ

PSM(News) ဩဂုတ် ၂၅၊ ၂၀၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် Well-2 ရေနံမြေကို အင်အား ၇၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေသော အာဏာလုစစ်တပ် အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ အလွန်အကျွံ ပြုလုပ်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်း အမြစ်ထံမှ သိရသည်။ Well-2 ရေနံမြေသို့ စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စုကို ဒေသတွင်း…

ဖားကန့်၊ မှော်ဝမ်းကလေးရွာ၌ စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်နှင့် SNA သတ်ဖြတ် ထားသည့် ရုပ်အလောင်း ၂၅ လောင်း တူးဖော်တွေ့ရှိ

PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကလေးကျေးရွာအတွင်း အာဏာလုစစ်အုပ်စု လက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) တို့ သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂၅ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက PSM (News) ကို အတည်ပြု ပြောကြားသည်။…

အပူပိုင်းမုန်တိုင်း နာရာ နှင့် မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်း တစ်လျှောက် ရေကြီးနိုင်ပြီး ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည်

PSM (News) ဩဂုတ် ၂၅ ၊ ၂၀၂၆ တုံကင်ပင်လယ်ကွေ့အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာရာ(NARRA) နှင့် မုတ်သုံလေ အားအလွန်ကောင်းမွန်မှုကြောင့် စစ်တောင်းနှင့် သံလွင်မြစ်ဝှမ်းတစ်လျှောက် ဒေသအလိုက် မိုးကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အဆိုပါ မိုးလေဝသဖြစ်စဉ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများကို တိုက်ရိုက်သက် ရောက်နေကြောင်း ထိုင်းနှင့် အိန္ဒိယ မိုးလေဝသဌာနတို့၏…

ကရင်နီထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်တပ်၏ အရက်၊ ဘီယာနှင့် ဆေးလိပ်ထုတ်ကုန်များ ရောင်းဝယ်သုံးစွဲသူများကို အရေးယူမည်ဟု သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ်အတွင်းရှိ နယ်မြေများအတွင်း အာဏာလုစစ်တပ်နှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်နေသော အရက်၊ ဘီယာနှင့် ဆေးလိပ် ထုတ်ကုန်များ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများပြုလုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းအုပ် ချုပ်ရေး ကောင်စီများက သတိပေး ထုတ်ပြန်ထားသည်။ အဆိုပါ…

ကံပေါက်တွင် ကျားဖြန့်နှင့် စက်ရုံတိုးချဲ့ရန် ပြင်သည့် ဦးဇခုန်တိန့်ယိမ်း၏ Delco သတ္တုကုမ္ပဏီကို ရပ်ဆိုင်းရန် KBDF သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ကံပေါက်ဒေသရှိ Delco သတ္တုတူးဖော်ရေးကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်မပြုလုပ်ဘဲ ချက်ချင်းရပ်ဆိုင်းရန် အမှတ် (၈၀၀၂) တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က သတိပေး ထုတ်ပြန်သည်။ Delco ကုမ္ပဏီသည် အာဏာလုစစ်အုပ်စုက ကျောထောက်နောက်ခံပြုထားသည့်…

မိုင်းငေါ့ရှိ ရွှေလုပ်ငန်းခွင် မြေပြိုကျမှုကြောင့် လုပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား၍ အသက် (၃၇) နှစ်အရွယ် ရွှေကျင်းလုပ်သား ဦးသက်ပိုင်စိုး သေဆုံးခဲ့ပြီး လုပ်သား ကိုကျော်ငြိမ်း ဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဟဲခမ်းကျေးရွာအနီး ရွှေလုပ်ငန်းခွင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၀…

အနောက်တောင်မုတ်သုံလေ အားလွန်ကောင်းနေ၍ ဒေသအများအပြားတွင် မိုးဆက်လက်ကြီးမည်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဧရာဝတီတိုင်းတွင် ရေအကျနှေးနိုင်ဟု သတိပေး

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ မုန်တိုင်းများ၏ အရှိန်နှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် အနောက်တောင် မုတ်သုံလေသည် ဩဂုတ်လကုန်ပိုင်းအထိ အားကောင်းရာမှ အားလွန်ကောင်းနေမည်ဖြစ်၍ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ကြောင်း သိရသည်။ တုံကင်ပင်လယ်ကွေ့အတွင်း ရောက်ရှိနေသည့် အပူပိုင်းမုန်တိုင်း နာရာ (NARRA) နှင့် ပစိဖိတ်…

တေးသံရှင် ကိုင်ဇာ၏ ရုပ်ကလာပ်ကို ယနေ့ ညနေပိုင်းတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်၍ မွန်းလွဲ ၂ နာရီတွင် နေအိမ်မှ ကားများစတင်ထွက်ခွာမည်

PSM (News) ဩဂုတ် ၂၄ ၊ ၂၀၂၆ ကွယ်လွန်သူ တေးရေး၊ တေးဆို ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ ရုပ်ကလာပ်ကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (တနင်္လာနေ့) ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်သည်။ လိုက်ပါပို့ဆောင်လိုသည့် ပရိသတ်များနှင့် မိတ်ဆွေအပေါင်းအသင်းများအတွက် မရမ်းကုန်းမြို့နယ်၊…

နိုင်ငံကျော် အဆိုတော် ကိုင်ဇာ၏ ဈာပနကို မနက်ဖြန် ဩဂုတ် ၂၄ ရက်တွင် ရေဝေး၌ ပြုလုပ်မည်ဖြစ်ပြီး ဂူသွင်းသင်္ဂြိုဟ်မည်

PSM(News) ဩဂုတ် ၂၃၊ ၂၀၂၆ မြန်မာ့ဂီတလောက၏ တေးရေးနှင့် ထိပ်တန်း တေးသံရှင် ကိုင်ဇာ (ခ) ဦးညီညီဝင်း အသက်(၆၆) နှစ် သည် အဆုတ်အတွင်း ပိုးဝင်သည့် ဝေဒနာကြောင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှု ခံယူရင်း ယမန်နေ့ ဩဂုတ် ၂၂ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့သည်။…

ကောလင်းတွင် ရေပြန်ကျသွားသော်လည်း စစ်ဘေးရှောင်ရေဘေးသင့်သူများ အတွက် အကူအညီနှင့် ပြန်လည် ထူထောင်ရေးကူညီမှုများ လိုအပ်နေ

PSM(News) ဩဂုတ် ၂၂ ၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး ဒုက္ခကြုံတွေ့ခဲ့ရသည့် စစ်ဘေးရှောင်နှင့် ဒေသခံ ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ခန့်ရှိနေပြီး လက်ရှိတွင် ရေပြန်ကျသွားသော်လည်း အရေးပေါ် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေး ကူညီမှုများ ဆက်လက် လိုအပ်နေကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။ အဆိုပါ…