PSM (News)

ဩဂုတ် ၂၄ ၊ ၂၀၂၆

ကွယ်လွန်သူ တေးရေး၊ တေးဆို ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ ရုပ်ကလာပ်ကို ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (တနင်္လာနေ့) ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်သည်။

လိုက်ပါပို့ဆောင်လိုသည့် ပရိသတ်များနှင့် မိတ်ဆွေအပေါင်းအသင်းများအတွက် မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ သီရိကွန်ဒို (အခန်း စီ-၃၁၄) နေအိမ်မှ ကားများ မွန်းလွဲ ၂ နာရီတွင် စတင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကွယ်လွန်သူ တေးရေး၊ တေးဆို ကိုင်ဇာအား ရည်စူး၍ လာမည့် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အဆိုပါ မရမ်းကုန်းမြို့နယ် သီရိကွန်ဒို နေအိမ်၌ ရက်လည်ဆွမ်းကျွေး တရားတော်နာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *