daily-news မုန်တိုင်းအကြွင်းအကျန်နှင့် မုတ်သုံလေ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အများအပြား မိုးအလွန် ကြီးနိုင်ပြီး သံလွင်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ဆက်လက် ရှိနေ August 28, 2026 Htet Ko PSM (News) ဩဂုတ် ၂၈ ၊ ၂၀၂၆ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဆောဒဲလ် (SAUDEL) ၏ အကြွင်းအကျန် လေရစ်ဝဲများနှင့် ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံမြောင်းတန်းတို့ အရှိန်ကောင်းနေသဖြင့် လာမည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အမေရိကန် တပ်မတော် ပူးတွဲမုန်တိုင်းသတိပေးဌာန (JTWC)၊ အိန္ဒိယနှင့် ထိုင်းမိုးလေဝသဌာနတို့၏ စောင့်ကြည့်…
daily-news ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စု ထောက်ပို့ရေယာဉ်အုပ်စုကို KIA ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်၍ ရွှေကူနှင့် ကသာကြား တိုက်ပွဲများ ပြင်းထန်နေ August 27, 2026 Htet Ko PSM(News) ဩဂုတ် ၂၇ ၊ ၂၀၂၆ မန္တလေးမှ ဆန်တက်လာသည့် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာသော စစ်အုပ်စု၏ ထောက်ပို့ ရေယာဉ်အုပ်စုကြောင့် ရွှေကူနှင့် ကသာမြို့ကြားရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သို့ ရောက်ရှိနေသည့်…
daily-news စစ်အုပ်စု၏ ဖြတ်လေးဖြတ် မဟာဗျူဟာကြောင့် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေးကြုံနေရဟု လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား August 27, 2026 Htet Ko PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ စစ်အုပ်စုက လယ်ယာ၊ သီးနှံနှင့် စားနပ်ရိက္ခာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးသည့် ရက်စက်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီ ဖြတ်တောက်ရေး အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး…
daily-news ရန်ကုန်တွင် စစ်အုပ်စု၏ ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် Chinland FC ကစားသမား အဆက်အသွယ်ပြတ် ပျောက်ဆုံးနေ August 27, 2026 Htet Ko PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်အဖွဲ့ဝင်များက ရန်ကုန်မြို့နယ်အသီးသီးတွင် အိမ်စီးကားများဖြင့် လူငယ်များကို ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေပြီး Myanmar League ပြိုင်ပွဲဝင် Chinland FC အသင်း၏ အသက် ၂၂ နှစ်အရွယ် ကစားသမား ပါလုံ (Pa Lung)…
daily-news နိုင်ငံတစ်ဝန်း မိုးများနေဦးမည်ဖြစ်ပြီး ဘားအံ၊ မြဝတီ၊ ဘီးလင်း၊ ရွှေကျင်နှင့် မဒေါက်တို့တွင် မြစ်ရေ စိုးရိမ်ရေအမှတ်သို့ ပြန်တက်မည် August 27, 2026 Htet Ko PSM (News) ဩဂုတ် ၂၇ ၊ ၂၀၂၆ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်၊ အပူပိုင်းမုန်တိုင်း နာရာ (NARRA)၏ လေဖိအားနည်းရပ်ဝန်းနှင့် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမွန်မှု တို့ကြောင့် နိုင်ငံတစ်ဝန်း မိုးများပြီး မြစ်ရေများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ထိုင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အထူးသဖြင့် လာမည့် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊…
daily-news ရေဘေးကြုံနေရသည့် ၁၅ ရက်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး၊ စစ်ကိုင်းတိုင်းတွင် အဆိုးဝါးဆုံး ကြုံတွေ့ရ August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဩဂုတ် ၈ ရက်မှ ၂၃ ရက်အထိ ၁၅ ရက်အတွင်း အာဏာလု စစ်အုပ်စုက ဒေသ ၁၁ ခုကို လေကြောင်းမှ အကြိမ်ပေါင်း ၂၃၉ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ပြည်သူ ၈၈ ဦး သေဆုံးခဲ့ကြောင်း…
daily-news မြိတ်-ထားဝယ်ခရိုင်ရှိ စစ်တပ်စခန်းကို KNDO ဝင်ရောက်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (လယ်မူလားမြို့နယ်)၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာ၌…
daily-news တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီတွင် မိုးအလွန်များ၍ ရေကြီးနိုင်၊ ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည် August 26, 2026 Htet Ko PSM (News) ဩဂုတ် ၂၆ ၊ ၂၀၂၆ ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှ အနောက်ဘက်သို့ ဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် (SAUDEL) နှင့် အရှေ့ဘက်မှ လေဖိအားနည်းစနစ်များ အရှိန်ကြောင့် လာမည့် ဩဂုတ်လကုန်မှ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ဒေသတို့တွင် မိုးရက်ဆက်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။…
daily-news ဗန်းမော်ကို စစ်ကူမည့် စစ်အုပ်စု ရေယာဉ်စု၏ လုံခြုံရေးတပ် ပစ်ခတ်ခံရ၍ စက်လှေ ၂ စင်းမြှုပ်ပြီး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး August 26, 2026 Htet Ko PSM(News) ဩဂုတ် ၂၆၊ ၂၀၂၆ ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ရန် ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု ရေယာဉ်စုကို လုံခြုံရေးယူပေးနေသော စစ်ကြောင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စက်လှေ နှစ်စင်း နစ်မြှုပ်သွားပြီး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး အထိနာခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က…
daily-news မန္တလေးမြို့နှင့် ၈ မိုင်ခန့်အကွာရှိ အာဏာလုစစ်တပ် အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး August 25, 2026 Htet Ko PSM (News) ဩဂုတ် ၂၅၊ ၂၀၂၆ မန္တလေးမြို့နှင့် ၈ မိုင်ခန့်သာ ဝေးကွာသော မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ အာဏာလုစစ်အုပ်စု၏ အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ခြောက် ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မတ္တရာမြို့နယ် အနောက်တောင်ခြမ်းရှိ ကြိမ်တောကျေးရွာနှင့် ကုန်းတန်းကြီးကျေးရွာတို့တွင်…