PSM (News) ဩဂုတ် ၂၆၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် (လယ်မူလားမြို့နယ်)၊ တုံးဗျောကျေးရွာတွင် တပ်စွဲထားသည့် အာဏာလု စစ်အုပ်စုတပ်စခန်းကို ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တုံးဗျောကျေးရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုကို ဩဂုတ် ၂၄ ရက် နေ့လယ် ၂ နာရီတွင် KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုထံမှ MA1 ၁ လက်၊ MA2 ၂ လက်၊ MA11 ၁ လက်တို့အပြင် အခြားသော လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်အုပ်စုသည် မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ ပြုလုပ်နေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်ကလည်း တနင်္သာရီမြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းဝင်ရောက်လာပြီး ပြည်သူ့နေအိမ် လေး လုံးအပါအဝင် ရိက္ခာများ၊ စပါး တင်း ၁၅၀ နှင့် ဆိုင်ကယ် ငါး စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ဩဂုတ် ၂၂ ရက် ည ၈ နာရီခန့်တွင် ကျောက်ပုန်းတောင်၌ တပ်စွဲထားသည့် စစ်အုပ်စု၏ ခမရ-၅၆၁ တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ကျွဲထိန်းကုန်းကျေးရွာရှိ အသက် ၆၆ နှစ်အရွယ် အမျိုးသမီး တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- KNU Post navigation တိုင်ဖွန်းမုန်တိုင်း ဆောဒယ်လ် အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီတွင် မိုးအလွန်များ၍ ရေကြီးနိုင်၊ ပင်လယ်ပြင် လှိုင်းအလွန်ကြီးမည် ရေဘေးကြုံနေရသည့် ၁၅ ရက်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၈ ဦး သေဆုံး၊ စစ်ကိုင်းတိုင်းတွင် အဆိုးဝါးဆုံး ကြုံတွေ့ရ