PSM (News) ဩဂုတ် ၂၇၊ ၂၀၂၆ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်အဖွဲ့ဝင်များက ရန်ကုန်မြို့နယ်အသီးသီးတွင် အိမ်စီးကားများဖြင့် လူငယ်များကို ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေပြီး Myanmar League ပြိုင်ပွဲဝင် Chinland FC အသင်း၏ အသက် ၂၂ နှစ်အရွယ် ကစားသမား ပါလုံ (Pa Lung) သည် ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း Chinland FC ထံမှ သိရသည်။ Chinland FC ၏ ကျောနံပါတ် ၅ ကစားသမား မတူပီမြို့နယ်သား ပါလုံသည် ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီးအပြန် မြောက်ဒဂုံ ၇/၈ လမ်းဆုံတွင် လိုင်းကားပေါ်မှဆင်း၍ တက္ကစီငှားရန် ပြုလုပ်စဉ်အထိ အဆက်အသွယ် ရရှိခဲ့သော်လည်း ထိုအချိန်မှစ၍ ယနေ့အထိ သတင်းအစန ပျောက်ဆုံးနေခြင်း ဖြစ်သည်။ အဆိုပါ ကစားသမား ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အသင်းအနေဖြင့် ၅ ရက်တိတိ ရဲစခန်းများတွင် လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ် (MNL) တာဝန်ရှိသူများနှင့် ပူးပေါင်း ရှာဖွေနေသော်လည်း အဆက်အသွယ် မရသေးသည့်အတွက် ဝိုင်းဝန်း ကူညီရှာဖွေပေးကြရန် Chinland FC အသင်းက ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့တွင်းတွင် စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်များက အိမ်စီးကားများ အသုံးပြု၍ လမ်းသွားလမ်းလာ လူငယ်များကို ရိုက်နှက်ဆွဲတင် ဖမ်းဆီးသည့် ဖြစ်စဉ်များ အရှိန်မြင့်တက်နေကြောင်း မြို့ပြစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Rangoon Scout Network (RSN) က အသိပေးထားသည်။ “စစ်အုပ်စုက စစ်သားအင်အား အများအပြားနဲ့ စစ်ကြောင်းထိုးနေတော့ စစ်မှုထမ်း သင်တန်းဆင်းတွေ လိုအပ်ချက် ပြည့်မီအောင် ဖြည့်တဲ့ သဘောမျိုးနဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ပေါ်တာဆွဲ၊ အဓမ္မ ဖမ်းဆီးတာတွေ လုပ်နေတာပါ။ အခုရက်ပိုင်း ရန်ကုန်မှာ ပေါ်တာဆွဲတာ၊ အဓမ္မဖမ်းဆီးတာတွေ တအားများလာပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက PSM ကို ပြောသည်။ ယနေ့ ဩဂုတ် ၂၇ ရက် မနနာရီ ၃၀က် ၁၁ မိနစ်ခန့်က သာကေတမြို့နယ်၊ မြခွာညိုလမ်းအတွင်း လမ်းလျှောက်သွားသည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို Honda Fit အမဲရောင်ကားဖြင့် ရောက်ရှိလာသည့် အရပ်ဝတ် ၂ ဦးက ရိုက်နှက်ကာ ကားပေါ် ဆွဲတင်ဖမ်းဆီးသွားသည်။ ထို့ပြင် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း အင်းစိန်မြို့နယ်အတွင်းရှိ ပန်းခြံအနီးနှင့် ကြို့ကုန်းမှတ် တိုင်တို့တွင် သွားလာနေသည့် လူငယ်များအား Alphard နှင့် ဆလွန်းပုံစံ အမဲရောင် အရပ်ကားများဖြင့် အရပ်ဝတ်များက ဆွဲတင်ဖမ်းဆီးသွားကြောင်း Rangoon Scout Network ထံမှ သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့အတွင်း အရပ်ဝတ် စစ်အုပ်စု အဖွဲ့ဝင်များ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် မြို့ပြ လူငယ်များ၏ လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။ ပုံစာ-ရန်ကုန်မြင်ကွင်း၊ Chinland FC အသင်း ကစားသမား Pa Lung Screenshot Post navigation နိုင်ငံတစ်ဝန်း မိုးများနေဦးမည်ဖြစ်ပြီး ဘားအံ၊ မြဝတီ၊ ဘီးလင်း၊ ရွှေကျင်နှင့် မဒေါက်တို့တွင် မြစ်ရေ စိုးရိမ်ရေအမှတ်သို့ ပြန်တက်မည် စစ်အုပ်စု၏ ဖြတ်လေးဖြတ် မဟာဗျူဟာကြောင့် ပြည်သူ ၁၂ သန်းကျော် အငတ်ဘေးကြုံနေရဟု လုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား