daily-news စုံစင်ဖျားကျေးရွာကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး သေဆုံး February 25, 2026 Htet Ko PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ စုံစင်ဖျားကျေးရွာအတွင်းသို့ စစ်ကော်မရှင် တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ ဂျက်ဖိုက်တာ တစ်စင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၊…
daily-news ဧပြီလဆန်းတွင် သမ္မတတင်မြှောက်၍ အစိုးရသစ်ဖွဲ့မည်ဟု ဒုစစ်ခေါင်းဆောင်စိုးဝင်းပြော၊ “စစ်တပ် ဦးဆောင်သော အရပ်သားအရေခြုံအစိုးရ”ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေ February 25, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲရလဒ်များကို အခြေခံကာ လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူရန်ကြေညာပြီးနောက် ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ် တင်မြှောက်ကာ အစိုးရသစ်တစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြုပြောဆိုသည်။ ဒုစစ်ခေါင်းဆောင်က ရှမ်းပြည်နယ်၊ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်များသို့ သွားရောက်၍ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို…
daily-news တော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန်ရောက် အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲ လက်မှတ်ဝယ်ယူ၍ အွန်လိုင်းမှ ကြည့်ရှုနိုင် February 25, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြသည့် တော်လှန်အနုပညာရှင်များ စုပေါင်းတင်ဆက်သည့် (Live in Bay Area): The Virtual Experience ဂီတဖျော်ဖြေပွဲကို တော်လှန်ရေးရန်ပုံငွေအဖြစ် အွန်လိုင်းမှတစ်ဆင့် လက်မှတ်ဝယ်ယူ အားပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။ The Distant Café မှ စီစဉ်ကျင်းပသည့် အဆိုပါဖျော်ဖြေပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၈…
daily-news စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတကာဆက်ဆံရေး ဆိုးရွားလာပြီး ရန်ကုန်ရှိ ဖင်လန်သံရုံး ယခုလကုန်တွင် စတင်ပိတ်သိမ်းမည် February 24, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၆ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများ တစ်နေ့တခြား ဆိုးရွားလာနေချိန်တွင် ရန်ကုန်အခြေစိုက် ဖင်လန်နိုင်ငံသံရုံးကလည်း ယခု ဖေဖော်ဝါရီလကုန်၌ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။ နော့ဒစ် (Nordic) နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဖင်လန်၊ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံသံရုံး သုံး ရုံးစလုံးကို…
daily-news ပုဏ္ဏားကျွန်း ယိုးငူရွာဈေးတန်း ဗုံးကြဲခံရမှုတွင် ကလေးငယ် ၅ ဦးအပါအဝင် ၁၇ ဦး သေဆုံး February 24, 2026 Htet Ko PSM (News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူကျေးရွာဈေးတန်းကို စစ်ကော်မရှင်တပ်က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ငါး ဦးခန့် အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ယနေ့ မွန်းလွဲ ၂ နာရီ…
daily-news ၆၂ ကြိမ်မြောက် မြူနစ်လုံခြုံရေးညီလာခံသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် February 24, 2026 Htet Ko PSM (News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ ဂျာမနီနိုင်ငံ၊ မြူနစ်မြို့ တွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် မြူနစ်လုံခြုံရေးညီလာခံ (Munich Security Conference) သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့ထိပ်သီးနိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း…
daily-news စစ်ကော်မရှင်အတွက် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သည့် သင်္ဘောနှင့် ကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM တောင်းဆို February 24, 2026 Htet Ko မောင်မောင်ကဲ/PSM (News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ စစ်ကော်မရှင်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုများကို အားပေး ကူညီနေသည့် လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထားကာ ညှိနှိုင်းဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar (JFM) က နိုင်ငံတကာအစိုးရများသို့ တောင်းဆိုလိုက်သည်။ အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတေးလျနိုင်ငံ အစိုးရများအနေဖြင့်…
daily-news စစ်အုပ်စု၏ တတိယအကြိမ် လွှတ်တော်ခေါ်ရန် ရက်သတ်မှတ်၊ ကြံ့ခိုင်ရေးနှင့် စစ်တပ်ကိုယ်စားလှယ် ၅၀၀ ကျော်ဖြင့် အစိုးရဖွဲ့ကာ လွှတ်တော်ကို စိတ်ကြိုက်ခြယ်လှယ်မည် February 24, 2026 Htet Ko မောင်မောင်ကဲ/PSM(News) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲရလဒ်များကို အခြေခံကာ လာမည့် မတ်လအတွင်း လွှတ်တော်အစည်းအဝေးများကို စတင်ခေါ်ယူ၍ အစိုးရအဖွဲ့အား စိတ်ကြိုက်ဖွဲ့စည်းကာ အာဏာကို အပြီးသတ်ချုပ်ကိုင်ရန် ပြင်ဆင်လိုက်ပြီဖြစ်သည်။ စစ်ကော်မရှင်၏ ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် လည်းကောင်း၊…
daily-news ငါးဇွန်မြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံး၊ သေနတ် ၃လက်နှင့် ဒရုန်း ၁ စင်းရရှိ February 23, 2026 Htet Ko PSM(NEWS) ဖေဖော်ဝါရီလ ၂၃၊၂၀၂၆ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်တွင် စစ်ကော်မရှင်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ၁၀ဦးသေဆုံးသွားကြောင်း People’s Defense Force – Mandalayက ထုတ်ပြန်ထားသည်။ ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးခေါင်ဆောင်တို့ လိုက်ပါ လာသော အင်အား ၂၀ ခန့်ပါ ရိက္ခာသယ် ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၀ရက်နေ့က ကြားဖြတ်တိုက်ခိုက်…
daily-news မြန်မာ့ဂုဏ်ဆောင် UFC ချန်ပီယံ ဂျိုရှူဝါဗန်၏ ပထမဆုံး ခါးပတ်ကာကွယ်ပွဲ အမေရိကန်တွင် ကျင်းပမည် February 23, 2026 Htet Ko PSM(News) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ UFC လောကတွင် သမိုင်းသစ်ရေးထိုးထားသည့် မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ဂျိုရှူဝါဗန်၏ ပထမဆုံးသော UFC Flyweight ချန်ပီယံခါးပတ် ကာကွယ်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မိုင်ယာမီမြို့တွင် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျိုရှူဝါဗန်သည် လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အာရှသားအချင်းချင်းဖြစ်သည့် ဂျပန်နိုင်ငံသား တက်ဆူရိုတိုင်ရာ…