PSM(News) ဧပြီ ၂၈၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် လိုအပ်သော ကျည်ကာအင်္ကျီများနှင့် စစ်ဦးထုပ်များ မြေပြင်တပ်ရင်းများထံသို့ ရောက်ရှိ ဖြန့်ကြက်ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။ အဆိုပါ ကာကွယ်ရေးပစ္စည်းများသည် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှတစ်ဆင့် ထောက်ပို့ကူညီပေး ခြင်းဖြစ်ပြီး၊ ယင်းသို့ ကူညီပေးခဲ့သည့် Forward Myanmar အဖွဲ့နှင့် ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း MOD က ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို စစ်စည်းကမ်းနှင့် စစ်ဥပဒေ လိုက်နာသည့်အပြင် လက်နက်ခဲယမ်းနှင့် အကာအကွယ်ပစ္စည်း တပ်ဆင်မှုစနစ်ကျသည့် တပ်မတော်ဖြစ်လာစေရန် ကာကွယ်ရေးဝန်ကြီးဌာနက စနစ်တကျ လေ့ကျင့်တပ်ဆင်ပေးလျက်ရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်ရှိ ရဲဘော်များ၏ အသက်ဘေးကင်းလုံခြုံရေးအတွက် ယခုကဲ့သို့ ကျည်ကာပစ္စည်းများ တပ်ဆင်ပေးနိုင်မှုသည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဆင်ရေးများကို ပိုမိုထိရောက်စွာ ဖော်ဆောင်နိုင်ရန် အားဖြည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-MOD Post navigation ကျောင်းသားလက်ရုံးတပ်တော် ၅ နှစ်ပြည့်တွင် စစ်သုံ့ပန်း ၁၁ ဦးကို လွှတ်ပေး၊ မြန်မာပြည် အလယ်ပိုင်း ရှိ ကပစများကို ခြိမ်းခြောက်စစ်ဆင်မည် တမူးခရိုင် အမှတ်-၂ တပ်ရင်းက ကျဆုံးရဲဘော် ၁၂ ဦးအား ရည်စူး၍ ရှင်ပြုနားသအလှူတော် ကျင်းပ