PSM(News) ဧပြီ ၂၉၊၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ (၁၀၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ငါးဦးသည် လက်နက်များနှင့်တကွ အ လင်းဝင်ရောက်လာခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပခုက္ကူမြို့၊ တပ်မ(၁၀၁) လက်အောက်ခံ တပ်သား ငါးဦးသည် ပြီးခဲ့သည့် ဧပြီ ၁၄ရက်နေ့က Crown ကားတစ်စီး ၊ MA-1 တစ်လက် ၊ MA-2 တစ်လက် ၊ MA-3 နှစ်လက် ၊ MA-4 တစ်လက် ၊ ၅.၅၆ ကျည် ၈၁၆တောင့် ၊ MA ကျည်ဘောက် ၂၄ဘောက်အပါအဝင် အခြားပစ္စည်းများနှင့် အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါအလင်းဝင်ရောက်လာသူများကို ဆုကြေးငွေများချီးမြှင့်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ပခုက္ကူခရိုင်အမှတ်(၈)တပ်ရင်း။ Post navigation ရေးမြို့ရှိ စကခ-၁၉ ပင်မ လက်နက်တိုက်ကို ဝင်ရောက် ဖောက်ခွဲရာ လက်နက်ငယ် ၂၀၀ ခန့် ပျက်စီးပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး အာဏာလုစစ်အုပ်စုက အကျဉ်းသား ၁၅၀၀ ကျော်ကို လွတ်ငြိမ်းပေး၊ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်း ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ အနုပညာရှင်အချို့ လွတ်မြောက်လာ