Category: daily-news

NUG နှင့် SRA တို့ စစ်ရေး၊ နိုင်ငံရေးနှင့် ကွပ်ကဲမှုဆိုင်ရာ မူဝါဒများ ညှိနှိုင်းဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်

PSM (News) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က Zoom Platform မှတစ်ဆင့် တွေ့ဆုံ၍ တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသည့် မူဝါဒ၊ စစ်ရေးနှင့် ကွပ်ကဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၎င်းတို့နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း…

စစ်ကိုင်းခရိုင်အတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖွင့်လှစ်ထားသည့် ကုန်း၊ ရေ ဂိတ်များအားလုံး ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား ပိတ်ရန် NUG ညွှန်ကြား

PSM(News) ဖေဖော်ဝါရီ ၂၇ စစ်ကိုင်းခရိုင် စစ်ဌာန နယ်မြေအတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖွင့်လှစ်ထားသော ကုန်းကြောင်း၊ ရေကြောင်း ဂိတ်များအားလုံးကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ပိတ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် ကွပ်ကဲရေးအဖွဲ့က အမိန့်ထုတ်ပြန်သည်။ စစ်ကိုင်းခရိုင် ကွပ်ကဲရေးအဖွဲ့၏ ဖေဖော်ဝါရီ ၂၅…

ပြည်သူများ စစ်ရေးသတိ လက်လွတ်မှုကြောင့် ရန်သူအချို့ လွတ်မြောက်ခဲ့ရ ၊ ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်း တိုက်ပွဲတွင် ဗိုလ်ကြီးအပါအဝင် ၁၀ ဦးခန့် သေဆုံးဟု ဓနု ၁၀၀၃ တပ်ရင်း ဆို

PSM(News) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ တိုက်ပွဲဇုံအတွင်း ပြည်သူများ သတိလက်လွတ် ဖြတ်သန်းသွားလာမှုများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ရေးရည်မှန်းချက်များကို အဟန့်အတားဖြစ်စေခဲ့ပြီး ရန်သူ့တပ်ဖွဲ့ဝင်များ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်စေကြောင်း ဖြစ်စဉ်တစ်ခုကိုအခြေခံ၍ ဓနုဒေသ ၁၀၀၃ တပ်ရင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တစ်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း…

စစ်ကိုင်း၊ ဟော်ဇောင်းကို စစ်ကော်မရှင်က တစ်နေကုန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဈေးတန်း အပါအဝင် လူစည်ကားရာနေရာများ ထိမှန်၍ အရပ်သားအများအပြား သေဆုံးနိုင်

PSM (News) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ရှိ ဟော်ဇောင်းရွာကို ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကော်မရှင်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၁၅ စင်း၊ Y-12 လေးစင်း နှင့် ဂျိုင်ရိုကော်ပတာ နှစ် စင်းတို့ကို…

မင်းမော်ကွန်း ရိုက်ကူးသည့် “The Rubbish” ဇာတ်လမ်းတိုကို 24FM တွင် စတင်ကြည့်ရှုနိုင်ပြီ

PSM (News) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ တော်လှန်အနုပညာရှင် သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် ရိုက်ကူးထားသည့် “The Rubbish” ဇာတ်လမ်းတိုကို 24FM Platform တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီမှ စတင်ကာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းတိုသည် သရုပ်ဆောင်…

စစ်ကော်မရှင်တပ်သားများ ပါဝင်သည့် “မနက်ဖြန်သည် သင်နှင့် သက်ဆိုင်မှုလုံးဝ မရှိစေရ” ရုပ်ရှင် စင်ကာပူတွင် ပြသမည်

PSM (News) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးပြီး စစ်ကော်မရှင်တပ်သားများ ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားသည့် “မနက်ဖြန်သည် သင်နှင့် သက်ဆိုင်မှုလုံးဝ မရှိစေရ” ရုပ်ရှင်ဇာတ်ကားကို လာမည့် မတ်လ ၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ကို AI နည်းပညာနှင့် Face…

ဖားဆောင်းနှင့် မိုးဗြဲတွင် တိုက်ပွဲများပြင်းထန်နေပြီး သံလွင်တံတား ထပ်မံမိုင်းခွဲခံရ

PSM News ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆ ကရင်နီပြည်နယ်အတွင်းရှိ ဖားဆောင်းနှင့် မိုးဗြဲမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်များက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး ဖားဆောင်း (သံလွင်) တံတားမှာလည်း ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ဖားဆောင်းမြို့နယ်အတွင်းသို့ စစ်ကော်မရှင်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကော်မရှင်ဘက်မှ…

ဖေဖော်ဝါရီ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၅ ဦး ပြည်သူ့ထံ ပူးပေါင်း၊ စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင်နေ

PSM (News) ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် အဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးသည် တော်လှန်ရေးအင်အားစုများထံ လက်နက်ချခြင်း၊ အလင်းဝင်ခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင် (People’s Goal) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်သူ့ပန်းတိုင်၏…

ခင်ဦးတွင် မီးပတ်ရှို့နေသည့် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး ‘မီးရှို့ကိုကို’ ဟု နာမည်ကြီးနေသည့် စစ်ဗိုလ် သေဆုံး

PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပြည်သူ့နေအိမ်များနှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ‘မီးရှို့ကိုကို’ ဟု နာမည်ကြီးနေသည့် ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ တပ်စွဲထားသော စစ်ကော်မရှင်တပ်အင်အား ၄၀…

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ၅ နှစ်ပြည့် တပ်မွေးနေ့တွင် MDY-PDF ကတိသစ္စာပြု

PSM (News) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ( MDY-PDF) ၏ ငါးနှစ်ပြည့် တပ်မွေးနေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု ထုတ်ပြန်လိုက်သည်။ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှ မွေးဖွားပေါ်ပေါက်လာသည့် MDY-PDF သည် လက်နက်ကိုင်တော်လှန်ရေးကို စတင်ရန် ဆုံးဖြတ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကို…

You missed