PSM (News)

ဧပြီ ၃၀၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်ရဲဘော်များသည် ယနေ့ ဧပြီ ၃၀ ရက်တွင် ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ညောင်ရေသွန်းလောင်းပွဲနှင့် ကုသိုလ်ဖြစ် အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ် ပကဖ အဖွဲ့သည် ကဆုန်လပြည့်နေ့တွင် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည့်အပြင်၊ ဒေသခံပြည်သူများကိုလည်း အအေးများ ကုသိုလ်ဖြစ် ဝေငှလှူဒါန်းခဲ့ကြောင်း ပကဖအသံက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပကဖ အဖွဲ့များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိသည်။ အဆိုပါ အဖွဲ့များသည် စစ်ရေးလုပ်ငန်းစဉ်များအပြင် လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုပါ စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ပကဖအသံ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *