Category: daily-news

ကျောင်းသားလက်ရုံးတပ်တော် ၅ နှစ်ပြည့်တွင် စစ်သုံ့ပန်း ၁၁ ဦးကို လွှတ်ပေး၊ မြန်မာပြည် အလယ်ပိုင်း ရှိ ကပစများကို ခြိမ်းခြောက်စစ်ဆင်မည်

PSM(News) ဧပြီ ၂၈၊ ၂၀၂၆ ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) တည်ထောင်ခြင်း ၅ နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားကို ယနေ့ ဧပြီ ၂၈ ရက်တွင် ဗဟိုဌာနချုပ်နယ်မြေ၌ ကျင်းပခဲ့ပြီး အထိမ်းအမှတ်အဖြစ် စစ်သုံ့ပန်းများကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီ ၂၇ ရက်နေ့တွင် ကျရောက်သော…

PDF ရဲဘော်ရှူးပျံ (ခ) နေမျိုးလှိုင် ကျဆုံးမှုအပေါ် ရွှေဘိုခရိုင် အမှတ် (၁၆) တပ်ရင်းက ဝမ်းနည်း ကြောင်း မှတ်တမ်းတင်

PSM(News) ဧပြီ ၂၈၊ ၂၀၂၆ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန၊ အမှတ် (၁၆) တပ်ရင်းမှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။ ပေါ်ဦးစစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်ရှူးပျံ (ခ) နေမျိုးလှိုင် သည် ပြီးခဲ့သည့် ဧပြီ…

ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ ရဲဘော် ၃၅ ဦးကို တော်လှန်ရေးသစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း၍ အပြီးတိုင်ထုတ်ပယ်

PSM(News) ဧပြီ ၂၇၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) – TRI ဗျူဟာမှ ရဲဘော် ၃၅ ဦးသည် ရန်သူထံ လက်နက်ချရန် မြူဆွယ်ခြင်းနှင့် တည်နေရာများ ပေးပို့ခြင်းအပါအဝင် တော်လှန်ရေးအပေါ် သစ္စာဖောက်ကျူးလွန်ခဲ့သဖြင့် ၎င်းတို့အား အပြီးတိုင်ထုတ်ပယ်ကာ အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ကြောင်း ယနေ့ ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အိုပါ…

ကလေးဝနယ်ရှိ စစ်အုပ်စု၏ ဗျူဟာမြောက် အောင်ချမ်းသာစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

PSM(News) ဧပြီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ရှိ စစ်အုပ်စု၏ အောင်ချမ်းသာအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပကဖအသံက ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပူးပေါင်း တပ်များ သည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်က အဆိုပါစခန်းကို အောင်မြင်စွာ…

မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦး ထိုင်းစတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုကို နောက်ဖေးပေါက်မှ ဝယ်ယူသိမ်းပိုက်ရန် ကြိုးပမ်းနေ

မောင်မောင်ကဲ/PSM(News) ဧပြီ ၂၇၊ ၂၀၂၆ ထိုင်းစတော့အိတ်ချိန်းဝင် ACC ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသည် မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွှယ်နေသော ဟန်ပြကုမ္ပဏီနှစ်ခုထံသို့ ရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ်သန်း ၃၀၀ ဖိုး ရောင်းချရန်အတွက် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။ Sky Aviator ကုမ္ပဏီပိုင်ရှင်…

တရုတ်ပိုင်ယန်စီစက်ရုံမှ ထွက်လာသည့် စစ်အုပ်စုစစ်ကြောင်း မိုင်းဆွဲခံရ၊ ၃ ဦးသေဆုံးပြီး ကားတစ်စီး မီးလောင်

PSM(News) ဧပြီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ တရုတ်ပိုင်ယန်စီစက်ရုံမှ ထွက်လာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း Black Shadow-PDF က ထုတ်ပြန်သည်။ စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ယင်းမာပင်မြို့နယ်ရှိ တရုတ်ပိုင် ယန်စီစက်ရုံမှ တည်ပင်ကုန်းရွာ အနောက်ဘက်သို့ ထွက်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက…

“ရိုးမပေါ်မှာကျတဲ့မျက်ရည်” အမျိုးသားစာပေဆုရှင် ဆရာတင်ညွန့်ကို အာဏာလု စစ်အုပ်စု ဖမ်းဆီး

PSM(News) ဧပြီ ၂၇၊ ၂၀၂၆ ရသသုတစုံစာပေများ ရေးသားကာ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသား စာပေဆုရှင် စာရေးဆရာကြီး တင်ညွန့် ၊ အသက် ၇၁ နှစ် ကို သန်လျင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဧပြီ ၂၃ ရက် နံနက်အစောပိုင်းတွင် အာဏာလု စစ်အုပ်စုက အင်အားသုံး ဖမ်းဆီးခဲ့ ကြောင်းသိရသည်။ ဆရာကြီးနှင့်အတူ…

လောင်းလုံးတွင် အင်အား ၁၅၀ ပါ အာဏာလုစစ်အစိုးရ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိ

PSM(News) ဧပြီ ၂၅၊ ၂၀၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF) က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့မှ ညင်းမော်ရွာသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန် ဆင်းလာသည့်…

စစ်တပ် နိုင်ငံရေးမှ ထွက်မှသာ ငြိမ်းချမ်းရေးရမည်ဟု NUCC တုံ့ပြန်၊ အာဏာလုစစ်အစိုးရ၏ သပ်လျှိုသွေးခွဲမှုကို ပယ်ချပြီး တိုက်ပွဲဆက်လက်ဖော်ဆောင်မည်

PSM(News) ဧပြီ ၂၅၊ ၂၀၂၆ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ ပြေလည်စေရန်မှာ “နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု မရှိမှသာ” လမ်းစပွင့်လာနိုင်မည်ဖြစ်ကြောင်းနှင့် အာဏာလုစစ်အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ တော်လှန်ရေးအင်အားစုများကို သပ်လျှိုသွေးခွဲရန် ကြိုးပမ်းသည့် အတုအယောင်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းစစ်အုပ်စုသည် ဧပြီလ ၂၁ ရက်မှ ဇူလိုင်လကုန်အထိ…

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ တိုက်တွန်း၊ အာဏာလုသမ္မတ မင်းအောင်လှိုင်က မြို့နယ် ၆၀ ကို အရေးပေါ်အမိန့်ထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးတိုးမြှင့်

ဧပြီ ၂၄၊၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ယနေ့ (သောကြာနေ့) တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် ဆွေးနွေးပွဲများဆီသို့ ဦးတည်သည့် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ကြောင်းလည်း ဆိုသည်။ “အာဆီယံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းပြီး…

You missed