PSM (News)

စက်တင်ဘာ ၇၊ ၂၀၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုကို သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ၊ သေနတ်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရောင်းဝယ်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခု၌ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ မြို့နယ်လုံခြုံရေးမှူးနှင့် ဒုတိယမြို့နယ်လုံခြုံရေးမှူးတို့ ဦးစီးသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်ရှာဖွေရာတွင် အသက် ၃၈ နှစ်အရွယ် မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသားတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈ လုံး၊ BA 94 သေနတ် ၁ လက်၊ မြန်မာငွေ ၁၁,၀၅,၇၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံး၊ လက်ပတ်နာရီ ၆ လုံး၊ အိတ် ၄ လုံးနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူ မူးယစ်ဆေးဝါး ရောင်းဝယ်သူအား ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လောင်းလုံးပလ​ဖ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed