PSM(News)

ဧပြီ ၃၀၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး တည်ဆောက်နိုင်ရန် ဆုတောင်းသဝဏ်လွှာ ထုတ်ပြန်သည်။

NUG ၏ သဝဏ်လွှာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာနှင့် အကြမ်းမဖက်ခြင်းတည်း ဟူသော “ဓမ္မ” တရားများကို ကိုးကားကာ လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စု၏ “အဓမ္မ” လုပ်ရပ်များ ကြောင့် ပြည်သူများ အတိဒုက္ခကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် “တရားကျင့်သူကို တရားက စောင့်ရှောက်သည်” ဟူသော ဒေသနာတော်နှင့်အညီ ပြည်သူ့ တော်လှန် ရေးသည် မုချအောင်မြင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းလည်း ဆိုထားသည်။

NUG အနေဖြင့် တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး စတေးခဲ့ကြသည့် အာဇာနည်များနှင့် မတရားဖမ်း ဆီးခံထားရသူများကို ဦးညွတ်မှတ်တမ်းတင်ထားပြီး ပြည်သူများကလည်း တရားမျှတမှု အလင်းရောင်နှင့်အတူ တော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲခံနိုင်ရန် ချီတက်လျက်ရှိသည်။

အစိုးရအဖွဲ့အနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ပြည်သူနှင့် အတူ လက်တွဲ၍ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု ထပ်လောင်း ကတိပြုထားသည်။

ထို့ပြင် ယနေ့ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်းနှင့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း NUG က ဆုတောင်းထားသည်။

By Htet Ko

You missed