PSM(NEWS)

မေ ၇၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံအားအရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အထူးကိုယ်စားလှယ်အား ထိန်းသိမ်းခံထားရသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်စုကြည်နှင့် တွေ့ဆုံခွင့်ပြုရန်ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းခဲ့သည်။

အာဏာလုစစ်အုပ်စုက ၎င်း၏ကျန်ရှိနေသော ပြစ်ဒဏ်များကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ကျခံရန် ခွင့်ပြုခဲ့ပြီးနောက် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံတွင် ရေရှည်တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေး အစီအစဉ်များ၏ အဓိကခြေလှမ်းများအဖြစ် ကျွန်ုပ်တို့ ဤဖြစ်ပေါ်တိုးတက်မှုများကို ရှုမြင်ပါသည်” ဟု ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနမှ ဒေါ်အောင်ဆန်စုကြည်အား ၎င်း၏မိသားစုနှင့် ဆက်သွယ်ခွင့်ရရှိရန် မြန်မာနိုင်ငံက ခွင့်ပြုပေးသင့်ပြီး ၎င်းသည် “အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သောကတိကဝတ်ကို ပြသခြင်းဖြစ်သည်” ဟု ဆိုသည်။

အာဆီယံ၏ အထူးကိုယ်စားလှယ်အတွက် ဝင်ရောက်ခွင့်ရရှိခြင်းသည် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုကို အားပေးကူညီမည်ဖြစ်ပြီး၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်သော အမျိုးသားရေးဆွေးနွေးပွဲများကို ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ဤဖြစ်ပေါ်တိုးတက်မှုများကို ASEAN၏ ငြိမ်းချမ်းရေးမူဘောင်ဖြစ်သော ဘုံသဘောတူညီချက် (၅) ရပ် အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြန်လည်သင့်မြတ်ရေးအတွက် တွန်းအားပေးရာတွင် အသုံးပြုသင့်ကြောင်း ဖိလစ်ပိုင်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်စုကြည်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ၎င်း၏ ရွေးကောက်ခံအစိုးရ ပြုတ်ကျသွားခဲ့သည့်အချိန်မှစ၍ ထိန်းသိမ်းခံခဲ့ရသည်။

၎င်း၏ မဟာမိတ်များက နိုင်ငံရေးအရ စွပ်စွဲခံထားရသည်ဟု ပြောကြားခဲ့သော စွဲချက်များဖြင့် ၎င်းသည် ထောင်ဒဏ် (၂၇) နှစ်ကို ကျခံနေရသည်။

ပြီးခဲ့သည့်လက အကျဉ်းသားထောင်ပေါင်းများစွာအတွက် ပြုလုပ်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ ၎င်း၏ပြစ်ဒဏ်ကို ခြောက်ပုံတစ်ပုံ လျှော့ချပေးခဲ့ပြီး၊ ယင်းအစီအစဉ်တွင် သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းလည်း ပါဝင်သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *