ချယ်ရီကိုကို/PSM(News)

မေ ၆၊ ၂၀၂၆

တော်လှန်အနုပညာရှင် သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် ထိုင်းရုပ်ရှင်ဇာတ်ကားကြီးကို ကမ္ဘာ့အကြီးဆုံးနှင့် လူကြိုက်အများဆုံး အွန်လိုင်းရုပ်ရှင်ဝန်ဆောင်မှုဖြစ်သည့် Netflix တွင် ပြသတော့မည်ဖြစ်ကြောင်း သိရသည်။

“Netflix က ကမ္ဘာ့အကြီးဆုံးပဲလေ၊ ကမ္ဘာ့အကောင်းဆုံးကားတွေ ပြသနေတာ။ ကိုယ်တွေ အမြဲစောင့်ကြည့်နေကျ ကိုယ့်မင်းသားက အခုလို Netflix ထိ အောင်မြင်နေတာ အရမ်းဝမ်းသာတယ်” ဟု တော်လှန်ပြည်သူတစ်ဦးက PSM ကို ပြောသည်။

သရုပ်ဆောင် ဒေါင်းသည် စစ်တပ် အာဏာသိမ်းခဲ့သည့် အစောပိုင်းကတည်းက စစ်အုပ်စုကို ပြတ် ပြတ်သားသား ဆန့်ကျင်တော်လှန်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

“တခြားနိုင်ငံမှာ သရုပ်ဆောင်လုပ်နိုင်ဖို့က အားလုံးရဲ့ခွန်အားက အရေးပါပါတယ်။ ချစ်ခြင်းများစွာဖြင့်” ဟု သရုပ်ဆောင် ဒေါင်းကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို အသိပေးထားသည်။

သရုပ်ဆောင် ဒေါင်းသည် ယခင်ကလည်း အလွန်ထင်ရှားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဖြစ်သော “ကျောက်ဖုရားမှသည် ဧရာဝတီ” (From Chao Phraya to Irrawaddy) တွင်လည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။

By Htet Ko

You missed