daily-news အင်းတော်တွင် ကလေးငယ် ၂ ဦး ၆၀ မမ ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ March 30, 2026 Htet Ko ဒေါင်းညို/PSM (News) မတ် ၃၀ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာတွင် မတ်လ ၂၇ ရက် နံနက်ပိုင်းက ကလေးငယ်နှစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယူဆောင်လာသည့် ၆၀ မမ ဗုံးသီးကို အသက် (၁၀) နှစ်အရွယ် ကလေးငယ်နှစ်ဦးက တွေ့ရှိဆော့ကစားရာမှ…
daily-news စစ်ကော်မရှင်၏ လွှတ်တော်အတုတွင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းသွင်း၊ သမ္မတလုပ်ရန် ပြင်ဆင်နေ March 30, 2026 Htet Ko PSM(News) မတ် ၃၀ ၊ ၂၀၂၆ ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာက အသိအမှတ်မပြုသည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းထားသော လွှတ်တော်အတု၏ လွှတ်တော်အစုအဖွဲ့များတွင် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းတင်သွင်းမှုကို ယနေ့ မတ် ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းကကျင်းပသည့် အဆိုပါ အတုအယောင် လွှတ်တော်အစည်းအဝေးများအတွက် ဒုတိယ သမ္မတလောင်းများအဖြစ် စစ်ခေါင်းဆောင်…
daily-news ရခိုင်တွင် AA ချိပ်ပိတ်ထားသည့် နေအိမ်အချို့ကို အသနားခံစာတင်ပြပါက ပြန်လည်စိစစ်၍ ပိုင်ရှင် များထံ လွှဲပြောင်းပေးအပ်နေ March 29, 2026 Htet Ko PSM(News) မတ် ၂၈၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများအပြီး အာရက္ခတပ်တော် (AA) က ချိပ်ပိတ်သိမ်းဆည်း ထားသည့် နေအိမ်များကို ပိုင်ရှင်များဘက်မှ အသနားခံစာတင်ပြလာပါက ပြန်လည်စိစစ်၍ မူလ ပိုင်ရှင်များထံ လွှဲ ပြောင်းပေးအပ်နေကြောင်း ယမန်နေ့ မတ် ၂၈ ရက် ညပိုင်းတွင် အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ၎င်းတို့ထိန်းချုပ်ရာဒေသများအတွင်း တော်လှန်ရေး…
daily-news မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိနိုင်သဖြင့် ကျန်းမာရေး သတိပြုရန် NUG သတိပေး March 28, 2026 Htet Ko PSM(News) မတ် ၂၈၊ ၂၀၂၆ လာမည့်ရက်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် အပူချိန်မြင့်တက်မှုနှင့်အတူ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အန္တရာယ်ရှိအဆင့်အထိ မြင့်တက် လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကာကွယ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) တို့က တိုက်တွန်းနှိုးဆော်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းသည် မတ်လနှင့် ဧပြီလများအတွင်း…
daily-news မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ ငတ်မွတ် ခေါင်းပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရဟု WFP သတိပေး March 28, 2026 Htet Ko PSM(News) မတ် ၂၈ ၊ ၂၀၂၀ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မြောက်ချိန်အထိ ပြန်လည်ထူထောင်ရန် ကြိုးပမ်း နေသည့် လူထုမှာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းများကြောင့် ငတ်မွတ်ခေါင်း ပါးမှု အန္တရာယ်နှင့် ထပ်မံရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ မတ် ၂၇ ရက်စွဲဖြင့် သတိပေးထုတ်ပြန်သည်။ အရှေ့အလယ်ပိုင်းဒေသ…
daily-news ၅ နှစ်အတွင်း ဗုံးကြဲမှု ၇,၀၀၀ နီးပါးရှိလာ၊ စစ်အုပ်စုထံ လေယာဉ်ဆီစီးဝင်မှု အာဆီယံနှင့် နိုင်ငံတကာ အရေးပေါ်ပိတ်ဆို့ရန် Blood Money တောင်းဆို March 27, 2026 Htet Ko PSM(News) မတ် ၂၇၊ ၂၀၂၆ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၄,၃၀၀ နီးပါး သေဆုံးခဲ့ရကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ယမန်နေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။ စစ်အုပ်စုသည် ၎င်းတို့အာဏာသိမ်းခဲ့သည့်…
daily-news ဗမာ့တပ်တော် အပတ်စဉ်-၄ စစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ March 27, 2026 Htet Ko PSM (News) မတ် ၂၇၊ ၂၀၂၆ ဗမာ့တပ်တော် (Bamar Army-BA) ၏ အပတ်စဉ် (၄/၂၀၂၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မတ်လ ၂၆ ရက်နေ့က အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဗမာ့တပ်တော် (BA) တပ်ဖွဲ့ဝင် ရဲဘော်များသည် လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်နှင့် ဝိုင်းမော် စစ်ဆင်ရေးများတွင်…
daily-news ဖက်ဆစ်တော်လှန်ရေးနေ့နောက်ပိုင်း စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်မည်ဟု ဒုတပ်ချုပ် စိုးဝင်း ပြောကြား March 27, 2026 Htet Ko PSM (News) မတ် ၂၇ ၊ ၂၀၂၆ ယနေ့ မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့ (သို့မဟုတ်) စစ်အုပ်စု၏ တပ်မတော်နေ့ အခမ်းအနားများ ပြီးဆုံးပြီးနောက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း အပြောင်း အလဲများ ဖြစ်ပေါ်လာမည်ဟု ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သည့် ပြည်တွင်းအခြေစိုက် သတင်းဌာနများတွင်…
daily-news ထိုင်းနိုင်ငံ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာ ၈၈ ဦးကိုပြန်ပို့ ၊စစ်ကော်မရှင်က အသက်ပြည့်မီသူများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီး ခေါ်ဆောင်မှုများရှိ March 27, 2026 Htet Ko PSM (News) မတ် ၂၆ ၊ ၂၀၂၆ ထိုင်းနိုင်ငံရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၈၈ ဦးကို မတ်လ ၂၅ ရက် ရက်က ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် ပြန်ပို့ခဲ့ကြောင်း ရနောင်းလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ ၊ ရနောင်းခရိုင် ၊ ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတဆင့် မြန်မာနိုင်ငံသားအမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၁ ဦး…
daily-news မန္တလေးအနီး အင်အား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ စစ်ကိုင်းငလျင်ကြီး ၁ ပြည့်ခါနီးတွင်လှုပ်ခတ်ခြင်းဖြစ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ March 27, 2026 Htet Ko PXM(News) မတ် ၂၆၊ ၂၀၂၆ မန္တလေးမြို့ အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ ယနေ့ ည ၇ နာရီ ၃၇ မိနစ်အချိန်တွင် အင်အားရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါငလျင်သည် မြေအောက်အနက် ၁၀…