PSN(News)

ဇွန် ၁၆ ၊ ၂၀၂၆

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆက်သွား လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို တော်လှန်ရေးပူးပေါင်း အဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးတစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ယမန်နေ့ ဇွန် ၁၅ ရက်နေ့တွင် ဆက်သွားကျေးရွာဘက်မှ ထွက်ခွာလာသည် စစ်အုပ်စုမှ ဗိုလ်ကြီးတစ်ဦး အပါအဝင် စုစုပေါင်း လေး ဦး လိုက်ပါလာသည့် အရပ်သားသုံး အိမ်စီးကားကို တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းက ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကအုပ်စု ဘက်မှ အလောင်း နှစ် လောင်းနှင့်အတူ G3သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ MA5ပစ္စတို ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးအဖွဲ့များသည် စစ်အုပ်စုတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် မော်တော်ယာဉ်ကို မြေပြင်တွင်ပင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ပကဖများ စုဖွဲ့ထားသည့် ရိုးမဖိုက်တာ စစ်ကြောင်းနှင့်အတူ သရက်ခရိုင် အမှတ် (၅) တပ်ရင်း၊ မကွေးမြို့နယ် ပကဖ၊ ပုဏ္ဏဝတီပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပကဖအသံ

By Htet Ko

You missed