PSM(News)

ဇွန် ၂၆၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်မည့် တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ တပ်သားသစ်ခေါ်ယူရာတွင် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိရမည်ဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ၊ ဥပဒေနှင့် အမိန့်ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်နိုင်သော ကျား/မ မရွေး မည်သူမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူများသည် အမိန့်နှင့် စစ်စည်းကမ်းကို နာခံတတ်သူ ဖြစ်ရမည့်အပြင် ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိကာ၊ ပေးအပ်လာသည့် မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့် အထက်ပါအချက်များနှင့် ကိုက်ညီသည့် လျှောက်ထားသူများထဲမှ တာဝန်ထမ်းဆောင်ရန် သင့်တော်မည့်သူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာလုအစိုးရစစ်တပ်ကို တိုက်ဖျက်ရန် တပ်သားသစ်လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်တိုင်း စစ်ဌာန၏ တရားဝင် Facebook စာမျက်နှာ နှင့် Telegram လူမှုကွန်ရက်လမ်းကြောင်း ဖြစ်သည့် t.me/YMC_Office တို့မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed