Category: daily-news

ဩစတြေးလျအနေဖြင့် စစ်အုပ်စုထံ လေယာဉ်ဆီစီးဆင်းမှု ဖြတ်တောက်ရန်နှင့် ပိတ်ဆို့မှုဟာကွက် များကို အသုံးချ၍ ဘဏ္ဍာငွေ ရှာဖွေနေမှုအပေါ် ပိတ်ဆို့ရန် JFM တိုက်တွန်း

PSM(News) ဧပြီ ၂ ၊ ၂၀၂၆ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများတွင် အဓိကအသုံးပြုနေသည့် လေယာဉ်ဆီ ထောက်ပံ့မှု များကို ဟန့်တားဖြတ်တောက်ရန်နှင့် ပိတ်ဆို့မှုဟာကွက်များကို အမြန်ဆုံးအရေးယူရန် ယနေ့ ဧပြီ ၂ ရက်တွင် Justice For Myanmar (JFM) က တိုက်တွန်းလိုက်သည်။ အထူးသဖြင့် ဩစတြေးလျအစိုးရအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးကွန်ရက်များအပေါ် ထိရောက်သော…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပြည်သူကရွေးချယ်သည့် သမ္မတ အဖြစ် ပုံဖော်ရန်အတွက် မနက်ဖြန်တွင် လွှတ်တော်အတု၌ မဲခွဲမည်

မောင်မောင်ကဲ/PSM(News) ဧပြီ ၂ ၊ ၂၀၂၆ စစ်ကော်မရှင်က ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော “လွှတ်တော်အတု” တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကို လာမည့် ဧပြီလ ၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော်အတု အစည်းအဝေး ဒုတိယနေ့တွင်…

ကျောက်ကြီးတွင် စစ်ကော်မရှင်၏ မီးရထားလမ်းကင်းစခန်းကို KNLA ပူးပေါင်းစစ်ကြောင်း ဝင်ရောက်စီးနင်း

PSM(News) ဧပြီ ၁၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေဖြစ်သော ခလယ်လွီထူခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း အခြေချထားသည့် စစ်ကော်မရှင်၏ ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် KNU ဗဟိုက ထုတ်ပြန်သည်။ လယ်ဒိုမြို့နယ်၊ သာယာကုန်းနှင့်…

ဗကသ ခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ် မြောင်းမြထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်

PSM(News) ဧပြီ ၁၊ ၂၀၂၆ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင်ဟောင်း ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်သည် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှ လွတ်ရက်စေ့၍ ယနေ့ ဧပြီလ ၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ ကိုလင်းထက်နိုင် လွတ်မြောက်လာမှုကို ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့်…

ကသာတွင် စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် သံဃာနှင့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့သည့် မဟာလေးထပ်ကျောင်းကြီးကို သက်တော် ၉၀ ကျော် ဆရာတော်ကြီး လိုက်လံကြည့်ရှု

PSM (News) ဧပြီ ၁ ၊ ၂၀၂၆ စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုအလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ သမိုင်းဝင် “မဟာလေးထပ်ကျောင်းတိုက်” အပျက် အစီးများကို သက်တော် ၉၀ ကျော်အရွယ် ကျောင်းထိုင်ဆရာတော်ကြီးက တောင်ဝှေးအားပြု၍ လိုက်လံကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၂၀…

နွေဦးတော်လှန်ရေး အရှိန်မြှင့်ရန်နှင့် အသွင်ကူးပြောင်းရေးအတွက် NUG နှင့် K3C အပါအဝင် မဟာမိတ်အင်အားစုများ စုပေါင်း၍ SCEF ကို ဖွဲ့စည်း

PSM (News) မတ် ၃၁ ၊ ၂၀၂၆ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် “K3C” မဟာမိတ်အဖွဲ့များဖြစ်ကြသော KIO၊ KNU၊ KNPP နှင့် CNF တို့ ပူးပေါင်းကာ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) ကို မတ်လ…

တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့အား UWSA နှင့် NDAA (မိုင်းလား) အဖွဲ့တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

PSM(News) မတ် ၃၁၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း ၁၅ နှစ်တိုင် ရယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်းအပေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (NDAA – မိုင်းလား)…

လွှတ်တော်အတုမှ ဒုသမ္မတ ၃ ဦးအဖြစ် မင်းအောင်လှိုင်၊ နန်းနီနီအေးနှင့် ညိုစောတို့ကို အတည်ပြု

မောင်မောင်ကဲ/PSM(News) မတ် ၃၁ ၊ ၂၀၂၆ စစ်အုပ်စုက ခင်းကျင်းထားသည့် လွှတ်တော်အတုမှနေ၍ ဒုတိယသမ္မတ သုံး ဦးစလုံးကို ယနေ့ မတ်လ ၃၁ ရက် တွင် အပြီးသတ် ရွေးချယ်အတည်ပြုလိုက်ပြီ ဖြစ်သည်။ ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် လွှတ်တော်အတုအစုအဖွဲ့များ၏ အစည်းအဝေးများအရ ပြည်သူ့ လွှတ်တော်အစုအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတများအဖြစ်…

စစ်ခေါင်းဆောင်းက ၎င်း၏လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ် ရာထူးလွှဲပြောင်း၍ OTS ဆင်း တပ်ချုပ်ဖြစ်လာ

မောင်မောင်ကဲ/PSM(News) မတ် ၃၀၊ ၂၀၂၆ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးကို ၎င်း၏လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ ယနေ့မတ် ၃၀ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် စစ်တက္ကသိုလ် (DSA) ဆင်းမဟုတ်ဘဲ ဗိုလ်သင်တန်း ကျောင်း…

မင်းပြားတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၀ ကျော်ကို AA က တတိယ အကြိမ်အဖြစ် ပြန်လည်လွှတ်ပေး

PSM (News) မတ် ၃၀ ၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။ AA က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် စစ်သုံ့ပန်းမိသားစုဝင်များတွင် အမျိုးသား ၄၄ ဦး၊…