Category: daily-news

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု ဗြိတိန်နှင့် ဆွစ်ဇာလန် ထုတ်ပြန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း

PSM(News)ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ထိုသို့ ၅ နှစ်ပြည့် မြောက်ချိန်တွင် စစ်အုပ်စုက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် လွတ်လပ်မှုမရှိသလို တရားမျှတမှု လည်း မရှိကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က ပြတ် သားစွာ ထုတ်ပြန်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင်…

စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ် တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

PSM(News) ဇန်နဝါရီ ၃၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် တပ်စွဲထားသော စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးကြောင်း လင်းယုန်ညီနောင်ပြောက်ကျား တပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကိုင်းတက္ကသိုလ်ဝင်းရှေ့ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်…

၅ နှစ်ကြာ စစ်အာဏာသိမ်းမှုက ပြည်သူ့စိတ်ဓာတ်ကို မချိုးနှိမ်နိုင်၊ နိုင်ငံတကာအစိုးရများ အနေဖြင့် စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ရန် JFM တိုက်တွန်း

PSM(News) ဇန်နဝါရီ ၃၁၊ ၂၀၂၆ မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့သည်မှာ ၅ နှစ် ပြည့်ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ များ၏ ပြောင်မြောက်သော သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုကို စစ်အုပ်စုက ရိုက်ချိုးနိုင်ခဲ့ခြင်း မရှိကြောင်း Justice For Myanmar (JFM) က ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည်။ စစ်အုပ်စုသည်…

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ပြီးဆုံးသော်လည်း တရားဝင်မှုမရှိဟု SAC-M ဆို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်သားများကို အရေးယူရန် တိုက်တွန်း

PSM(News) ဇန်နဝါရီ ၃၁ ၊ ၂၀၂၆ စစ်အုပ်စုက ၎င်းတို့၏ အစီအစဉ်အတိုင်း အပိုင်းလိုက်ခွဲ၍ ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း ၎င်းလုပ်ရပ်သည် အရှက်ရဖွယ် ကျရှုံးမှုသာဖြစ်ကြောင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ရာဇဝတ်သားများကို နိုင်ငံတကာက အမြန်ဆုံး အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်း လိုက်သည်။…

ဥရောပသမဂ္ဂက မြန်မာ့အရေးအတွက် ယူရို ၆၃ သန်း အရေးပေါ်အကူအညီ ထောက်ပံ့မည်

PSM (NEWS) ဇန်နဝါရီ ၃၁၊ ၂၀၂၆ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခနှင့် လူသားချင်းစာနာမှုအကျပ်အတည်းကို တုံ့ပြန်ရန်အတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၆၃ သန်း တန်ဖိုးရှိ အရေးပေါ်အကူအညီများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ EU ၏ ထုတ်ပြန်ချက်အရ အဆိုပါ အကူအညီများကို စစ်ပွဲနှင့် အကြမ်းဖက်မှုကြောင့် ကိုယ့်အိမ်ကို စွန့်ခွာထွက်ပြေးလာရသူများ၊ အစားအသောက်နှင့်…

တယောဖိုးစံ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် “The Sound Of 36” တေးအယ်လ်ဘမ်ဖြန့်ချိ

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဂီတပညာရှင် တယောဖိုးစံ၏ ၃၆ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် “The Sound Of 36” တေးအယ်လ်ဘမ်ကို ဖြန့်ချိနေကြောင်းသိရသည်။ အဆိုပါအယ်လ်ဘမ်ကို တယောဖိုးစံ၏မွေးနေ့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့က စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်ပြီး တယောသီးသန့်တီးခတ်ထားခြင်းမဟုတ်ဘဲ ကိုယ်တိုင် သီချင်းသီဆိုဖျော်ဖြေထားကြောင်း တယောဖိုးစံ က…

မင်းဘူးရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကော်မရှင် လက်အောက်ခံ ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းက ထုတ်ပြန် သည်။ မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းသည် ပြီးခဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၊ အနောက်ပိုင်းရှိ…

အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြား

PSM (NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်ကော်မရှင်၏ ကျောထောက်နောက်ခံဖြင့် ပါတီတစ်ခုက အနိုင်ရရှိခဲ့သည်ဟု ကြေညာထားသည့် ယင်းရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်အသိအမှတ်ပြုမှု…

ကျပ်သိန်းတစ်သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို NUG မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးရန်ပုံငွေအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝအလုပ်မလုပ်ဟု ဆို

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိသော မူးယစ်ဆေးဝါးများကို အများပြည်သူများနှင့်တော်လှန်ရေး အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ တက်ရောက်ခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများ၏…

အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အကြားရှိ လမ်းပိုင်းတွင် နယ်မြေရှင်းလင်းရန် စစ် ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အုတ်တွင်း-ပေါက်ခေါင်းလမ်းပိုင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ကာ…