Category: daily-news

ဒိုက်ဦးထောင်၌ ဆေးကုသခွင့် မရသဖြင့် မွေးကင်းစကလေး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက် တိုက်ပိတ် ညှဉ်းပန်းခံနေရ

PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအား ဆေးကုသခွင့် ငြင်းပယ်ထားမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက်အပြုံလိုက် တိုက်ပိတ်ကာ စနစ်တကျ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံနေရကြောင်း ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင်…

ဘီလာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေး

PSM (News) ဇူလိုင် ၃၀၊ ၂၀၂၆ ဘီလာရုစ်နိုင်ငံ၏ နိုင်ငံတော် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒီမီထရီ ပန်တပ်စ် သည် ဇူလိုင်လ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခဲ့ကြောင်း REFORM.news သတင်းဌာနက ဖော်ပြခဲ့သည်။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနည်းပညာ နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်အားကောင်းစေရန်နှင့် ပိုမိုနက်ရှိုင်းစေရန် အပြန်အလှန် စိတ်ပါဝင်စားမှုရှိကြကြောင်း…

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သဘောတူညီဟုမလေးရှားဝန်ကြီးချုပ် ပြော

PSM (News) ဇူလိုင် ၃၀၊၂၀၂၆ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံသွားရန်အတွက် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံဘက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသူများ အပါအဝင် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ အများအပြား…

KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ကို ဗုံးကြဲ အမျိုးသား ၂ ဦး သေဆုံး

‎ PSM(News) ဇူလိုင် ၂၉၊ ၂၀၂၆ ‎ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်‎ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော မ‎ဘိမ်းမြို့ကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်း ‌စစ်ရေးရင်းမြစ်ထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် တိုက်ပွဲခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ နံနက်ပိုင်းက မဘိမ်းမြို့ပေါ်ရပ်ကွက်များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ‎ ‎” မဘိမ်းမှာ…

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာလု သမ္မတဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားများအပေါ် ဖိနှိပ်မှု ပိုမိုဆိုးရွားလာ

PSM News ဇူလိုင် ၂၉၊ ၂၀၂၆ မြန်မာနိုင်ငံတွင် အာဏာလုစစ်အုပ်စု၏ ခေါင်းဆောင်မှုဖွဲ့စည်းပုံ ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အရပ် သားများအပေါ် လေကြောင်းမှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာကြောင်း နိုင်ငံတကာ ပဋိပက္ခ ဒေတာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ACLED က ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် မတ်လအတွင်း…

စစ်ကိုင်းနှင့် ဝက်လက်တွင် တိုက်ပွဲမရှိဘဲ အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲ၍ စစ်ရှောင် ၁ ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံး၊ နေအိမ် ၂၀ မီးလောင်ပြာကျ

‎ PSM(News) ဇူလိုင် ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာလုစစ်အုပ်စုက မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ရှောင် ပြည်သူ တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ် ၂၀ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။…

ဖောင်းပြင်တွင် စစ်တပ်က လေကြောင်းနှင့် ချင်းတွင်းမြစ်တွင်းမှ စစ်သင်္ဘောများဖြင့် ပစ်ခတ်၍ အရပ်သား တစ်ဦး သေဆုံးပြီး နေအိမ် ၄၀ ခန့် မီးလောင်ပြာကျ

PSM (News) ဇူလိုင် ၂၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အာဏာလုစစ်တပ်က မည်သည့် တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်သင်္ဘော ပေါ်မှ လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးကာ ဒေသခံ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး…

မဘိမ်းတွင် လူနေရပ်ကွက်များကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူများ သေဆုံး၊ ဖာပွန်တွင်လည်း စာသင်ကျောင်းနှင့် အိမ်ခြေ ၁၂ လုံး ပျက်စီး

PSM (News) ဇူလိုင် ၂၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ရှိ လူနေရပ်ကွက်များကို အာဏာလု စစ်တပ်က ယနေ့ ဇူလိုင် ၂၈ ရက်နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံး ခဲ့ရပြီး ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်လည်း စာသင်ကျောင်းတစ်ကျောင်းနှင့် အိမ်ခြေ ၁၂ လုံး ပျက်စီး ခဲ့ကြောင်း သိရသည်။…

ဆောမြို့နယ်သို့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာသည့် အာဏာလုစစ်တပ် ၂ ကြိမ်တိုင် အထိနာ ဆုတ်ခွာခဲ့ရ၊ စစ်သုံ့ပန်း ၉ ဦး အပါအဝင် လက်နက်ခဲယမ်း နှင့် ကား ၃ စီးကို PDF များ သိမ်းဆည်းရမိ

PSM(News) ဇူလိုင် ၂၈၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် အာဏာလုစစ်တပ် စစ်ကြောင်းများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ခုခံတိုက်ခိုက်မှုကြောင့် ၂ ကြိမ်တိုင်တိုင် အထိနာဆုတ်ခွာ သွားကြောင်း PDF စစ်ရုံးချုပ်က ယနေ့ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ကိုး ဦး ကို…

စစ်ကိုင်းနှင့် ဝက်လက်တို့တွင် အာဏာလုစစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ဇနီးမောင်နှံ ၂ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

PSM(News) ဇူလိုင် ၂၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို အာဏာလုစစ်တပ်က ဇူလိုင် ၂၇ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၌ ဒေသခံ ဇနီးမောင်နှံ နှစ်ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ပျက်စီးပြီး ဝက်လက်မြို့နယ်အတွင်းသို့လည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၇…