Category: daily-news

စစ်ကိုင်း-ကချင်အစပ်တွင် ထိုးစစ်ဆင်နေသည့် အာဏာလုစစ်တပ် တပ်မ-၃၃ နောက် ပြန်ဆုတ်၊ စစ်ရေးဗျူဟာ ပြန်လည်စုဖွဲ့မှုဟု သုံးသပ်

PSM NEWs ဇူလိုင် ၂၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် မော်လူးမြို့နယ်များအတွင်း စစ်ကြောင်းထိုးခဲ့သည့် အာဏာလုစစ်တပ် လက် အောက်ခံ တပ်မ (၃၃) စစ်ကြောင်းများသည် စစ်ကိုင်း၊ ရွှေဘိုနှင့် မန္တလေးမြို့များရှိ နောက်တန်း စခန်းများသို့ ပြန်လည်ဆုတ်ခွာလျက်ရှိပြီး ထိုသို့ ဆုတ်ခွာခြင်းသည် အခြားစစ်မျက်နှာပြင်များသို့ ရွှေ့ပြောင်းရန် သို့မဟုတ် တပ်အင်အား ပြန်လည်စုဖွဲ့ရန်အတွက် ဖြစ်နိုင်ကြောင်း…

အာဏာလု စစ်အုပ်စုအား ပံ့ပိုးနေသည့် နိုင်ငံတကာ ရေနံဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ နာမည်ပျက် စီးပွားရေးလုပ်ငန်းများ စာရင်းတွင် ထပ်မံထည့်သွင်း

PSM(News) ဇူလိုင် ၂၇ ၊ ၂၀၂၆ မြန်မာအာဏာလုစစ်အုပ်စုထံ ဝင်ငွေများ စီးဆင်းစေရန် ဆက်လက်ကူညီပေးနေသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ “နာမည်ပျက် စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) တွင် ထပ်မံထည့်သွင်းလိုက်ကြောင်း Justice For Myanmar (JFM) က…

ပုဏ္ဏားကျွန်းတွင် အမျိုးသမီးငယ်အား မုဒိမ်းကျင့်သတ်ဖြတ်သူ တရားခံ ၃ ဦးကို ဒီလပ် ဖမ်းဆီးရမိ၊ ထိရောက်စွာ အရေးယူပေးရန် အာရက္ခအမျိုးသမီးအဖွဲ့က တောင်းဆိုထား

PSM(News) ဇူလိုင် ၂၇ ၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်၍ အလောင်း ဖျောက်ဖျက်ခဲ့သည့် အမှုမှ တရားခံ မောင်တင်ဝင်း အပါအဝင် တရားခံ သုံး ဦးကို ဖမ်းဆီးရမိထားပြီး ဥပဒေအရ အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ယနေ့ ဇူလိုင် ၂၇…

SCEF နှင့် AA ပါဝင်သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ သီးခြားစီတွေ့ဆုံ၍ ရှေ့နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

PSM(News) ဇူလိုင် ၂၇၊ ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲများကို…

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဏာလုစစ်အုပ်စုက လိုက်နာရန်ပျက်ကွက်ပါက အကျိုးဆက်များ ချမှတ်ဆောင်ရွက်ရန် APHR တိုက်တွန်း

PSM (News) ဇူလိုင် ၂၇၊ ၂၀၂၆ မြန်မာနိုင်ငံ၏ နိုင်ငံရေးအဆင့် ပါဝင်မှုကိုဆက်လက်ပိတ်ပင်ထားသည့် အာဆီယံ၏ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့်အာဏာလုစစ်အုပ်စုအားရလဒ်များမရှိဘဲ တဖြည်းဖြည်းအသိအမှတ်ပြုလာမည့်အရေးကိုသတိပေးလိုက်ကြောင်း အာဆီယံ လူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ယနေ့ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်ကြေညာလိုက်သည်။ ဆဌမအကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်အာဏာလုစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ခြင်း မရှိဘဲ ယခင်နှစ်များကဲ့သို့ပင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံရေးရာထူးမဟုတ်သော အရာရှိတစ်ဦးသာ…

ချောက်မြို့နယ်ရှိ ပုဂံခေတ်ပြိုင် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ပခန်းငယ်ကျေးရွာကို စစ်အုပ်စု တပ် မီးရှို့ဖျက်ဆီး

PSM(News) ဇူလိုင် ၂၆၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ပုဂံခေတ်ပြိုင် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ ပခန်းငယ် (ခေါ်) ပုဂံငယ်ကျေးရွာကို စစ်အုပ်စုတပ်က ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။…

မကွေး-နေပြည်တော်လမ်းပေါ်ရှိ ရွှေဗန်းရဲစခန်းနှင့် စစ်တပ်ဂိတ်များ တိုက်ခိုက်ခံရပြီး အာဏာလုစစ်တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

PSM(News) ဇူလိုင် ၂၆၊ ၂၀၂၆ မကွေး-ကံပြား-နေပြည်တော် လမ်းပေါ်ရှိ စစ်အုပ်စု၏ ရွှေဗန်းရဲစခန်းနှင့် စစ်တပ်စခန်းဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင် အင်အား ၃၀ ကျော်ရှိသော…

အာဏာလုစစ်အုပ်စု၏ ညွှန်ကြားချက်ဖြင့် မန္တလေးတိုင်း ပကဖ တာဝန်ခံကို မိုင်းလားအဖွဲ့ ဖမ်းဆီးပေးဟု အတည်ပြု

PSM(News) ဇူလိုင် ၂၆၊ ၂၀၂၆ အာဏာလုစစ်အုပ်စု၏ ညွှန်ကြားချက်ကြောင့် မ‌န္တလေးတိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင်ကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့ – NDAA) က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ မြေပြင်တပ်မှူးတစ်ဦးက PSM ကို အတည်ပြုပြောကြားသည်။ ကိုဝဏ္ဏအောင်၏ အမျိုးသမီးဖြစ်သူသည် ပြီးခဲ့သည့် ဇွန်…

သံတွဲမြို့ပေါ်ကို အာဏာလုစစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရ

PSM(News) ဇူလိုင် ၂၅၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲခဲ့သည့် အာဏာလုစစ်အုပ်စုသည် ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့တွင်လည်း သံတွဲမြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ ဂျက်ဖိုက်တာများဖြင့် တောက်လျှောက် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။ အာဏာလု စစ်တပ်သည် ယမန်နေ့ ဇူလိုင်လ ၂၄…

အာဏာလုစစ်အုပ်စုက ဝမ်ပေါင်ကြေးနီစီမံကိန်းကို အကာအကွယ်ယူ၍ ကျေးရွာ ၂၁ ရွာကို မီးရှို့ပြီး မြေယာများ အဓမ္မသိမ်းယူ

မောင်မောင်ကဲ/PSM(News) ဇူလိုင် ၂၅၊ ၂၀၂၆ အာဏာလုစစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်း နယ်မြေကို စစ်ရေးအရ အင်အားဖြည့်တင်း တပ်စွဲကာ စီမံကိန်းအနီးရှိ အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် မြေယာများ အတင်းအဓမ္မ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း စစ်ရာဇဝတ် မှုများကို စုံစမ်းစစ်ဆေးအတည်ပြုပေးနေသည့် Myanmar Witness က ဇူလိုင် ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ…