PSM (News) ဇူလိုင် ၃၀၊၂၀၂၆ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံသွားရန်အတွက် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံဘက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသူများ အပါအဝင် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ အများအပြား ခိုလှုံလျက်ရှိသည်။ ယခုကဲ့သို့ ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်လက်ခံရေး အစီအစဉ်မှာ နှစ်နိုင်ငံအကြား ရှိထားသည့် သံတမန်ရေးရာ ဆက်ဆံရေးကောင်းမွန်မှုကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရန် သဘောတူညီလိုက်ခြင်းသည် လတ်တလော မလေးရှားနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဒုက္ခသည်ဆိုင်ရာ အရေးကိစ္စများနှင့် မလေးရှားအာဏာပိုင်များ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအပြီးတွင် ထွက်ပေါ်လာသည့် အရေးပါသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။ ကိုးကား-Reuters Post navigation KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ကို ဗုံးကြဲ အမျိုးသား ၂ ဦး သေဆုံး ဘီလာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေး