PSM(News) ဇူလိုင် ၂၉၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော မဘိမ်းမြို့ကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသား နှစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်း စစ်ရေးရင်းမြစ်ထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် တိုက်ပွဲခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ နံနက်ပိုင်းက မဘိမ်းမြို့ပေါ်ရပ်ကွက်များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” မဘိမ်းမှာ နှစ်ယောက် သေဆုံးတယ်။ တစ်ဦးကတော့ မဘိမ်းမြို့လွတ်လပ်ရေး ကျောက်တိုင်အနီးမှာ ခေါင်းပြတ်သွားတယ် ” ဟု စစ်ရေးသတင်းရင်းမြစ်က က PSM ကို ပြောသည်။ ထို့အပြင် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများလည်းရှိပြီး ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သတ်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားသည်။ မဘိမ်းမြို့သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး၂၀၂၄ နှစ်ဦးပိုင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ မဘိမ်းမြို့နှင့် ၁၅မိုင်ကျော်အကွာ၌ ရှိသော ငအိုးကျေးရွာ တွင်မူ ခလရ-၁၂၁ အခြေစိုက်ပြီး ထို့မှ တစ်ဆင့် ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ စစ်ကူများ ပေးပို့နေခြင်းကြောင့် ရွှေကူ – ငအိုးလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ Post navigation စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာလု သမ္မတဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားများအပေါ် ဖိနှိပ်မှု ပိုမိုဆိုးရွားလာ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သဘောတူညီဟုမလေးရှားဝန်ကြီးချုပ် ပြော