PSM (News) ဇူလိုင် ၃၀၊ ၂၀၂၆ ဘီလာရုစ်နိုင်ငံ၏ နိုင်ငံတော် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒီမီထရီ ပန်တပ်စ် သည် ဇူလိုင်လ ၂၈ ရက်နေ့က ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခဲ့ကြောင်း REFORM.news သတင်းဌာနက ဖော်ပြခဲ့သည်။ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနည်းပညာ နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြင်းထန်အားကောင်းစေရန်နှင့် ပိုမိုနက်ရှိုင်းစေရန် အပြန်အလှန် စိတ်ပါဝင်စားမှုရှိကြကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက အတည်ပြုပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်နှင့် လုံခြုံရေးကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခြင်းသည် အဓိက ရည်မှန်းချက်ဖြစ်ကြောင်း နိုင်ငံတော် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်း ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘီလာရုစ်ဘက်ကလည်း ၎င်းတို့၏ ရေရှည်အတွေ့အကြုံကောင်းများဖြင့် ကျောထောက်နောက်ခံပြုထားသည့် ဘက်စုံဖြေရှင်းချက်များကို မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ ကိုးကား- REFORM.news Post navigation မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သဘောတူညီဟုမလေးရှားဝန်ကြီးချုပ် ပြော ဒိုက်ဦးထောင်၌ ဆေးကုသခွင့် မရသဖြင့် မွေးကင်းစကလေး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက် တိုက်ပိတ် ညှဉ်းပန်းခံနေရ