Category: daily-news

ငှက်ကိုတိုက်မိသည့် တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးခုန်ထွက် လွတ်မြောက်ဟု စစ်အုပ်စုပြော

PSM(News) ဩဂုတ် ၃ ၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် အာဏာလုစစ်အုပ်စု၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့် ပျံသန်းစဉ် ငှက်နှင့်တိုက်မိကာ ပျက်ကျခဲ့ကြောင်း စစ်အုပ်စုက ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အာဏာလုစစ်အုပ်စု၏ တ်ိုက်လေယာဉ်သည် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်က မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီး၌…

ICRC ဌာနေကိုယ်စားလှယ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း အာဏာလု စစ်အုပ်စု ထုတ်ပြန်

PSM(News) ဩဂုတ် ၃၊ ၂၀၂၆ အဓမ္မဖမ်းဆီးခြင်းခံထားရသည့် လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က လာရောက်တွေ့ဆုံခဲ့ကြောင်း အာဏာလုစစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး…

ဝက်လက်နှင့် မလှိုင်ရှိ ကျေးရွာများကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိ

‎PSM(News) ဩဂုတ် ၂၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တို့အတွင်းရှိ ကျေးရွာ သုံးရွာကို အာဏာလု စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးကာ အရပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်…

မြိုင်နှင့် ပေါက်အစပ် ရေနံမှော်များဆီ ထိုးလာသည့် အင်အား ၁,၀၀၀ ပါ စစ်ကြောင်း တပ်လန်ကျကာ နောက်ပြန်ဆုတ်

PSM(News) ဩဂုတ် ၂၊ ၂၀၂၆ ‎ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ရေနံမှော်များဆီသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တပ်လန်ကာ နောက်ပြန်ဆုတ် သွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက PSMကို ပြောကြားသည်။ စစ်အုပ်စုသည် ရေနံမှော်များကို စစ်ကြောင်းထိုးရန်အတွက် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နှင့် မြိုင် စက်မှု…

အာဏာလုစစ်အုပ်စု၏ ကျောက်ခက်ကျားဖြန့် နှိမ်နင်းမှုမှာ ဟန်ပြသာဖြစ်ပြီး စွပ်စွဲချက်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း KNU ထုတ်ပြန်

PSM(News) ဇူလိုင် ၃၁၊ ၂၀၂၆ အာဏာလု စစ်အုပ်စုက ကျောက်ခက်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းများကို စီးနင်းနှိမ်နင်းခဲ့ သည်ဆိုသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ယနေ့ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)…

အင်းတော်တွင် မူးယစ်ဆေးသုံးစွဲသူများအား NUG လက်အောက်ခံ ပလဖ က ပစ်ခတ်ဖမ်းဆီးစဉ် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံး

PSM (News) ဇူလိုင် ၃၁ ၊၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အနောက်ခြမ်း၊ အလယ်ကျွန်းကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က မူးယစ်ဆေးသုံးစွဲသူများအား ပစ်ခတ်ဖမ်းဆီးစဉ် လမ်းသွားလာနေသည့် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက် နံနက် ၉…

DKBA မှ ၁၁ နှစ်ကြာ ထုတ်ပယ်ခံခဲ့ရသူ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အင်အား ၃၅၀ ခန့် မိခင် အဖွဲ့အစည်းထံ ပြန်လည် ပေါင်းစည်း

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၁ ၊ ၂၀၂၆ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ အမိန့်ကို နာခံခြင်းမရှိဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၅၀ ခန့်သည် မိခင် DKBA ထံသို့ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။…

လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ပေ ၅၀ ခန့် တာကျိုး၍ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်နေပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရ

PSM(News) ဇူလိုင် ၃၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာသည် ဇူလိုင် ၃၀ ရက် ညပိုင်းတွင် အလျား ပေ ၅၀ ခန့် တာကျိုးပေါက်သွားခဲ့သဖြင့် ရပ်ကွက်နှင့် ကျေးရွာအချို့အတွင်းသို့ ရေများ ပြင်းထန်စွာ ဝင်ရောက်လာပြီး ဒေသခံ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ အရေးပေါ် ကူညီ ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊…

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော်လွန်ပြီဖြစ်၍ အသက်ရှင်နေထိုင်မှုကို သက်သေပြရန်နှင့် တွေ့ဆုံခွင့်ရရှိရေး ကိုထိန်လင်း တောင်းဆို

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို အာဏာလုစစ်အုပ်စုက မတရား ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်လွန် သွားပြီဖြစ်သည်။ ထိုသို့ဖမ်းဆီထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့ထိတိုင် အသက်ရှင်နေထိုင်ကြောင်း ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရရှိသေးသဖြင့် အဆုံးသတ် တိတ်ဆိတ်မနေကြရန်…

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် “ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်း” သဘောတူ အတည်ပြု

မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် အနာဂတ် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ဒေသအခြေပြု တော်လှန်ရေးအင်အားစု ခုနစ် ဖွဲ့က “ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း” ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ…