မောင်မောင်ကဲ/PSM (News) ဇူလိုင် ၃၀ ၊ ၂၀၂၆ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် အနာဂတ် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ဒေသအခြေပြု တော်လှန်ရေးအင်အားစု ခုနစ် ဖွဲ့က “ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း” ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုံနိုင်ငံရေးသဘောတူညီချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်နှင့် ကြားကာလအစိုးရ၊ မန္တလေးဒေသ လွှတ်တော်နှင့် ကြားကာလ အုပ်ချုပ်ရေးကောင်စီ စသည့် တော်လှန်ရေးအင်အားစု ခုနစ် ဖွဲ့က အပြန်အလှန် အတည်ပြု ၍ သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ သဘောတူညီချက် မူကြမ်းတွင် အနာဂတ် ပြည်ထောင်စုကို အထက်မှအောက်သို့ အာဏာစီး ဆင်းခြင်း မဟုတ်ဘဲ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှတစ်ဆင့် ပြည်ထောင်စု အားကောင်းရေးကို ဦးတည်သည့် “Bottom-up Federalism” စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အာဏာခွဲဝေမှုများတွင် ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရအဆင့်က တာဝန်ယူ ဆောင်ရွက် သည့် မူဝါဒကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းတွင် ထည့်သွင်းထားသည်။ နိုင်ငံရေး အရွေ့နှင့် ပတ်သက်၍လည်း စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင် ချေမှုန်းမည်ဖြစ်ကာ တစ်စုတစ်ဖွဲ့ လွတ်မြောက်ရေး မဟုတ်ဘဲ တစ်နိုင်ငံလုံး လွတ်မြောက် သည်အထိ တပြိုင်တည်း ပူးပေါင်းတိုက်ပွဲဝင်ရန် ပါဝင်သည်။ ဆက်လက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်နှင့် သက်ဆိုင်သူအစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်လည်း အဆိုပါမူကြမ်း တွင် ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက် စစ်အုပ်စုက ပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ၎င်းတို့ကျူးလွန် ထားသော ပြစ်မှုများကို ရှောင်လွှဲရန်နှင့် အာဏာတည်မြဲရေးအတွက်သာ ဖြစ်သဖြင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲအဖြစ် လုံးဝ ဆန့်ကျင်သွားမည်ဟု အတည်ပြုထားသည်။ ထို့ကြောင့် အသွင်ကူးပြောင်းရေး ကာလ လုပ်ငန်းစဉ်များအဖြစ် အသွင်ကူးပြောင်းရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ဖက်ဒရယ်ညီလာခံ နှင့် တိုင်းပြုပြည်ပြုညီလာခံ တို့ကို ခေါ်ယူကျင်းပကာ လူထုဆန္ဒခံယူပွဲ မှတစ်ဆင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အတည်ပြုသွားမည် ဖြစ်ကြောင်းကိုလည်း ဘုံနိုင်ငံရေးသဘောတူညီချက် မူကြမ်းတွင် ဖော်ပြထားသည်။ အခြေခံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အနာဂတ် ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ အားလုံးသည် အရပ်သားအစိုးရ၏ ကွပ်ကဲမှုအောက်၌သာ ရှိရမည်ဖြစ်ပြီး ဦးဆောင်မှုကဏ္ဍများတွင် အမျိုး သမီး ပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိစေရမည်ဖြစ်ကြောင်း၊ လူနည်းစုများ၊ မသန်စွမ်းသူများနှင့် LGBTQIA+ များ၏ ရပိုင်ခွင့်များကို အာမခံထားကြောင်း သိရသည်။ ယခု အတည်ပြုလိုက်သည့် “ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း” တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဘုံပန်းတိုင်တူညီသည့် အခြားသော တော်လှန်ရေး အင်အားစုများလည်း ထပ်မံ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။ Post navigation ဒိုက်ဦးထောင်၌ ဆေးကုသခွင့် မရသဖြင့် မွေးကင်းစကလေး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးထက်မနည်း အစုလိုက် တိုက်ပိတ် ညှဉ်းပန်းခံနေရ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော်လွန်ပြီဖြစ်၍ အသက်ရှင်နေထိုင်မှုကို သက်သေပြရန်နှင့် တွေ့ဆုံခွင့်ရရှိရေး ကိုထိန်လင်း တောင်းဆို