‎PSM(News)

ဩဂုတ် ၂၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တို့အတွင်းရှိ ကျေးရွာ သုံးရွာကို အာဏာလု စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးကာ အရပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာ အနောက်မြောက်ဘက်နှင့် မင်းကုန်းကြီးရွာ အရှေ့ဘက်တို့ကို လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပထမ ဖိုက်တာတစ်စီးက ငါးပတ်ချောင်းရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်၊ မင်းကုန်းကြီးရွာဘက်ကို နှစ်ကြိမ် ပစ်သွားတာ။ အထိအခိုက်တော့ မရှိပါဘူး” ဟု Wetlet Information Network မှ တာဝန်ခံ ကိုနဂါးလေးက PSM ကို ပြောသည်။

ထို့အပြင် မလှိုင်မြို့နယ် တောင်ပိုင်းကိုလည်း ယင်းနေ့ ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်တွင် စက်တပ်လေထီး နှစ်စီးဖြင့် နှစ်နေရာခွဲ၍ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း လူထုသတင်းကွန်ရက် – မလှိုင်မြို့ထံမှ သိရသည်။

‎အလာတူးပင် မလှိုင်မြို့နယ် တောင်ပိုင်းကို‎လည်း ဇူလိုင်လ ၃၁ရက်နေ ညနေ ၅နာရီဝန်းကျင် အချိန်တွင် စက်တပ်လေထီး နှစ်စီးဖြင့် ‌နှစ်နေရာခွဲ၍ ဗုံးသီး များ ကြဲချတိုက်ခိုက်ခဲ့‎ကြောင်း လူထု သတင်းကွန်ရက် – မလှိုင်မြို့ထံမှ သိရသည်။

‎”ဒုတိယ လေထီးနဲ့ ဗုံးသီး လေးလုံးကြဲချရာမှာ မ လှိုင်မြို့နယ် ဒဟတ်တန်း (တောင်) ကျေးရွာ လူနေအိမ်ဝိုင်းထဲကို တစ်လုံးကျပြီး အသက် ၆၀ ဝန်းကျင် အမျိုးသမီး တစ်ဦး သေဆုံးတယ်၊ တစ်အိမ်ထဲနေ အမျိုးသား တစ်ဦး ၊ အမျိုးသမီးတစ်ဦး နှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်။ အိမ်မွေး နွား ၅ ကောင် သေ‎တယ်” ဟု လူထု သတင်းကွန်ရက် – မလှိုင်မြို့မှ တာဝန်ရှိသူက PSM ကိုပြောသည်။

‎အာဏာလု ‎စစ်အုပ်စုသည် ဝက်လက်မြို့နယ်နှင့် မလှိုင်မြို့‎နယ်အတွင်းက ကျေးရွာများအား မြေပြင်တိုက်‎ပွဲနှင့် စစ်ကြောင်းထိုးလှုပ်ရှားခြင်းများမရှိဘဲ‎အရပ်သားများကို ဦးတည်ကာ ဗုံးကြဲခဲ့ခြင်းဖြစ် ‎ကြောင်း ဒေသခံများ ထံမှ သိရသည်။

ထို့အပြင် စစ်အုပ်စုသည် မိတ္ထီလာ – ကျောက်ပါးတောင်း ကားလမ်းပိုင်းတွင်လည်း အင်အားစုဖွဲ့နေပြီး မည်သည့်နေရာသို့ စစ်ကြောင်းထိုးမည်ကို လတ်တလော မသိရသေးကြောင်း မလှိုင်မြို့နယ် လူထုသတင်းကွန်ရက်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကလည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ်၊ စမွန်းရွာနှင့် ပေါက်ကန်ဘူတာရွာတို့မှ အပြစ်မဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။

By Htet Ko