မောင်မောင်ကဲ/PSM(News) ဩဂုတ် ၆၊ ၂၀၂၆ ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့် အာဏာလု သမ္မတ မင်းအောင်လှိုင်ကို ကန့်ကွက်ဆန့်ကျင်သည့် အနေဖြင့် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသူ River and Rights ဖောင်ဒေးရှင်းမှ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ပီယန်ပွန်း ဒီတက်စ်က မြန်မာပြည်တွင်းမှ စီးဝင်လာသည့် သတ္တုတွင်း အဆိပ် အတောက်များကြောင့် ထိုင်းနယ်စပ်ရှိ မြစ် ခြောက် စင်းမှာ ပျက်စီးနေရပြီး ထိုင်းပြည်သူများပါ ဖြည်းဖြည်းချင်း သေဆုံးနေရသည်ဟု ထောက်ပြဆန္ဒပြခဲ့သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသည့် အာဏာလု သမ္မတ မင်းအောင်လှိုင်နှင့် သဘော တူညီချက်များ လက်မှတ်ရေးထိုးမည့် ထိုင်းအစိုးရ၏ လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့သည်။ ပီယန်ပွန်း ဒီတက်စ်က “မင်းအောင်လှိုင်လို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ” ဟု မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။ ထို့အတူ တောက်ပသောအနာဂတ် (Bright Future) အဖွဲ့ ဦးဆောင်သည့် မြန်မာရွှေ့ပြောင်း လုပ်သားများကလည်း အာဏာလု စစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ကြပြီး CI စင်တာများမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများထံမှ စနစ်တကျ ငွေညှစ်နေမှုများကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ ဦးဆောင်သည့် Bright Future အဖွဲ့သည် အာဏာလုသမ္မတ မင်းအောင်လှိုင်က ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေမှုများအား ရပ်တန့်ရန်နှစ် ထုတ်ဖော်ဆန္ဒ ပြခဲ့ကြပြီး တောင်းဆိုခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများက အာဏာလု သမ္မတ မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား တရားဝင်မှု ပေးနေခြင်းနှင့် ဆက်ဆံရေးထူထောင်နေမှုများကို ချက်ချင်း ရပ်တန့်ရန်၊ မြန်မာဘက်မှ အဆိပ်အတောက် ဖြစ်စေသည့် သတ္တုတွင်း စီမံကိန်းများနှင့် ပတ်သက်၍ ထိုင်းပြည်သူများကို ထိခိုက်စေမည့် သဘောတူညီချက်များ ထိတွေ့မှု ရပ်ဆိုင်းရန်၊ CI စနစ်ကို ဖျက်သိမ်းပြီး ထိုင်းအစိုးရက တိုက်ရိုက်ထုတ်ပေးသည့် “ပန်းရောင်ကတ်” ဖြင့်သာ မြန်မာ လုပ်သားများကို လုပ်ကိုင်ခွင့်ပြုရန်တို့ကို ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြသည်။ အာဏာလု သမ္မတ မင်အောင်လှိုင်သည် ယနေ့ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် အပါအဝင် အစိုးရအဖွဲ့က စစ်ရေးပြအခမ်း အနားဖြင့်ကြိုဆိုခဲ့ကြသည်။ ဓာတ်ပုံ-ထိုင်းသတင်းဌာနများ၊ လူမှုကွန်ရက် A protester holds a sign against Myanmars President Min Aung Hlaing outside of the United Nations ESCAP building in Bangkok on August 6, 2026. (Photo by Lillian SUWANRUMPHA / AFP) Post navigation ရှေးဟောင်းမြို့တော် မြောက်ဦးကို အာဏာလု စစ်တပ်က ညအချိန် လေယာဉ်အုပ်စုလိုက်သုံး၍ ဗုံးအလုံး ၃၀ ကျော် ကြဲချ၊ စစ်ဘေးနှင့် ရေဘေးရှောင်များ ထိခိုက်ဒဏ်ရာရ ဆိုက်ဘာငွေလိမ် ကျားဖြန့်လုပ်ငန်းများ၏ အဓိက ဇစ်မြစ်မှာ အာဏာလု စစ်အုပ်စုဖြစ်၍ မိတ်ဖက် အဖြစ် မသတ်မှတ်ဘဲ စစ်တပ်ကို ဖျက်သိမ်းရမည်ဟု JFM ထုတ်ပြန်