PSM (News) ဩဂုတ် ၇၊ ၂၀၂၆ အာဏာလု စစ်အုပ်စု၏ မတရား ဖမ်းဆီးခြင်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်သည်။ ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန် ဝင်ရောက် တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများထံပါ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက် လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန် သံရုံးက ယနေ့ ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိနိုင်ရေး၊ မိသားစုဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သွားရောက်တွေ့ဆုံခွင့်များ ရရှိနိုင်ရေး အတွက်လည်း အာဏာလု စစ်တပ်က အာမခံပေးရန် အမေရိကန်က တိုက်တွန်းထားသည်။ ယင်းအပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် အာဏာလု စစ်တပ်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် တောင်းဆို ထားသည်။ အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်မတိုင်မီ ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ICRC ကိုယ်စားလှယ်တစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ICRC ၏ စံနှုန်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ စကားပြောဆိုခွင့် ရရှိခဲ့သလို မိသားစု သတင်းစကား ပေးပို့ဖလှယ်မှုများကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်း ICRC က ထုတ်ပြန်ခဲ့သည်။ ပုံစာ-ဩဂုတ် ၃ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်ဒုကြည့်နှင့် ICRC ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်၊ Post navigation လုံခြုံရေး တင်းကျပ်ထားသည့် ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ရန်ကုန်လူထုသပိတ်နှင့် BEM တို့ ‘မြန်မာပြည် သွေးမြေကျနေပြီ’ ဘန်နာချိတ်ဆွဲ၍ အာဏာလု သမ္မတ၏ ခရီးစဉ်ကို ကန့်ကွက် မဟာဗျူဟာထိုးစစ် သို့ တက်လှမ်းနိုင်ရေးနှင့် EROs မဟာမိတ်များနှင့် ပိုမိုပူးပေါင်း စစ်ဆင်နိုင်ရေး PDF တပ်မှူးကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်